Connect with us

Europe

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘိုလ်တန်၏ မှတ်တမ်းစာအုပ်ထုတ်ဝေ

အမေရိကန် သမ္မတ ဒေါ်နယ်ထရန် နှင့် ဂျွန်ဘိုလ်တန်တို့အား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်၏ ယခင် အမျိုးသားလုံခြုံရေး အကြံပေး ဖြစ်သူ ဂျွန်ဘိုလ်တန်၏ ကိုယ်တွေ့မှတ်တမ်းစာအုပ် ထုတ်ဝေခြင်းမပြုနိုင်အောင် တားဆီးပေးရန် အမေရိကန် အစိုးရက တောင်းဆိုခဲ့မှုအပေါ် ဖက်ဒရယ် တရားသူကြီးက ငြင်းဆိုလိုက်ပြီးနောက် ရက်အနည်းငယ်ကြာ ယင်စာအုပ်ကို ဇွန် ၂၃ ရက်တွင် စတင်ဖြန့်ချိခဲ့ကြောင်း သိရသည်။  

“အေအမေရိကန် ထိပ်တန်းအစိုးရအရာရှိဟောင်းတစ်ဦးက လက်ရှိသမ္မတတစ်ယောက် အကြောင်းကို စာအုပ်ထုတ်ဝေတာဟာ  အစဉ်အလာ မရှိခဲ့ပါဘူး။ ဂျွန်ဘိုလ်တန်ရဲ့ လုပ်ရပ်က အံ့ဩစရာပါပဲ။”ဟု CNN သတင်းဌာနက ဇွန် ၂၃ ရက် ထုတ်လွှင့်မှုတွင် မှတ်ချက်ပြုခဲ့သည်။ 

အမေရိကန် သမ္မတ ဒေါ်နယ်ထရန် နှင့် ဂျွန်ဘိုလ်တန်တို့အား တွေ့ရစဉ်(ဆင်ဟွာ)

တစ်ချိန်တည်းမှာပင် ပြည်တွင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဂျွန်ဘိုလ်တန်၏ The Room Where It Happened အမည်ရှိ စာအုပ်၏  ထုဖော်ဖွင့်ဟမှုများသည် ထရန့် နောက်ကွယ်တွင် ရှိနေသော ရီဘတ်ပလစ်ကန် ပါတီဝင်အများစုအတွက် များစွာ ထူးထူးခြားခြား ဖြစ်လိမ့်မည်မဟုတ်ကြောင်း ဆိုသည်။ 

ပြီးခဲ့သော ရက်သတ္တပတ်က အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် တွစ်တာမှတဆင့်  ဂျွန်ဘိုလ်တန်၏ စာအုပ်သည် အလိမ်အညာ ဇာတ်လမ်းများဖြစ်ကြောင်း နှင့် ၎င်းအပေါ် အားလုံးက  အထင်အမြင်မှားစေရန် လုပ်ကြံရေးသားချက်များဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

ဂျွန်ဘိုလ်တန် ရေးသားသော စာအုပ် မျက်နှာဖုံး နှင့် အိမ်ဖြူတော် အပြင်ဘက် မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ) 

ဂျွန်ဘိုလ်တန်အနေဖြင့် ၎င်း၏ကိုယ်တွေ့မှတ်တမ်း စာအုပ်အတွက် ကြိုတင်ရောင်းရငွေ အမေရိကန် ဒေါ်လာ နှစ်သန်း ရရှိထားပြီး အကယ်၍ ဈေးကွက်တွင် စာအုပ်ရောင်းကောင်းပါက နောက်ထပ် အပိုဆောင်းငွေကြေး ထပ်မံရရှိမည်ဖြစ်သည်။ သို့သော် ခရိုင်တရားသူကြီး Royce Lamberth က ဂျွန်ဘိုလ်တန်အနေဖြင့် စာအုပ်ရောင်းရငွေများကို လက်ခံရယူပိုင်ခွင့်ရှိ/မရှိ နှင့်ပတ်သက်၍  ဇွန် ၂၀ ရက်တွင် မေးခွန်းထုတ်ခဲ့သည်။

စာအုပ်ထုတ်ဝေမှုအား  ပိတ်ပင်တာဆီးပေးရန် အမေရိကန် အစိုးရ၏ ကြိုးပမ်းမှုအပေါ် ခရိုင်တရားသူကြီး  Royce Lamberth ကပယ်ချခဲ့ပြီး ယင်းစာအုပ်မထွက်မီကပင် သတင်းဌာနများနှင့်ဝေဖန်သုံးသပ်သူများက မိတ်ဆက်အကြောင်းအရာများ နှင့် ကော်ပီမိတ္တူများကို ရရှိထားပြီးဖြစ်ကြောင်း ၊ ဂျွန်ဘိုလ်တန်ကိုယ်တိုင် စာအုပ်အကြောင်း အင်တာဗျူးကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

သို့သော် တရားသူကြီးက ဂျွန်ဘိုလ်တန်၏ စာအုပ်ထဲတွင် အများပြည်သူအား အသိပေးခွင့်မရှိသော လှိျု့ဝှက်ချက်များ မပါဝင်သော်လည်း အစိုးရထံမှ တရားဝင် စာအုပ်ထုတ်ဝေခွင့် ခွင့်ပြုစာ မရရှိထားကြောင်းကိုမူ ထုတ်ပြန်ခဲ့သည်။

“ဒါက ဂျွန်ဘိုလ်တန်အတွက် အလောင်းအစားပါပဲ။ သူအထက်မှာပြောခဲ့သလို တကယ်ပဲ သူ့ဖက်ကမှန်နေတယ် ၊ စာအုပ်ထဲမှာ အများပြည်သူသိခွင့်မရှိတဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေ မပါဝင်ဘူးဆိုရင် အေးဆေးပေါ့ ၊ အဲလိုမှ မဟုတ်ဘဲ သူမှားနေရင်တော့ ဒီစာအုပ်ကြောင့် သူနာမည်ပျက်ရမယ် ။ အမျိုးသားလုံခြုံရေးကို ထိခိုက်ကြောင်း ရာဇဝတ်မှုနဲ့ပါ ထပ်ညိသွားမှာပါ”ဟု တရားသူကြီးက ရေးသားထားသည်။ 

နိုင်ငံခြားရေးမူဝါဒပိုင်းတွင် သဘောထားတင်းမာသူတစ်ဦးဖြစ်သည့် ဂျွန်ဘိုလ်တန်သည် သမ္မတ ဒေါ်နယ်ထရန့်၏ သုံးဦးမြောက် အမျိုးသား လုံခြုံရေး အကြံပေး အဖြစ် ၂၀၁၈ ခုနှစ် ဧပြီ မှ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ တာဝန်ယူခဲ့ပြီး အချို့အရေးကိစ္စရပ်များတွင်  ၎င်းနှင့် သမ္မတ အကြား သဘောထား ကွဲလွဲမှုများကြောင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသူတစ်ဦးဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117