နေပြည်တော်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် မိမိ အဖွဲ အစည်း၏ ရပ်တည်ချက်များ၊ ခံယူချက်များကို လှေနံ ဓားထစ် ဆုပ်ကိုင်ထားတာမျိုး မဟုတ်ဘဲ အပေး အယူ အလျှော့ အတင်း များဖြင့် ဆွေးနွေးဖို့ လိုအပ်ကြောင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး...
ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး)နှင့် ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်း တို့အပေါ်...
ချီကာဂို၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့ မြို့လယ်ခေါင် အနီးရှိ လမ်းမတစ်ခုပေါ်တွင် ဧပြီ ၁၀ ရက်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ တစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်ကိုကိုးကား၍ ပြည်တွင်း သတင်း၌ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာတရုတ်အမြဲတမ်းကိုယ်စားလှယ်က တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံနှင့်အတူပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၁ဝ ရက်တွင်ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ဝန် Aswin Kwanmuang က ဘန်ကောက်မြို့ရှိ Central World ဈေးဝယ်စင်တာတွင် ဧပြီ ၁၀ ရက် ညပိုင်းက မီးလောင်မှုကြောင့် သေဆုံးသူ ဦးရေ သည် ၃ဦး မဟုတ်ဘဲ ၂ဦးသာဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) သြင်္ကန်ပွဲတော် ဆင်နွှဲရန် ထိုင်းနိုင်ငံမှ နေရပ်ပြန်ဝင်လာသူ မြန်မာလုပ်သား ဦးရေမှာ ဧပြီ ၅ ရက်မှ ၁၀ ရက်အတွင်း ဦးရေ တစ်သိန်းကျော် ခန့်ရှိပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ပေကျင်း ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပေကျင်းမြို့ရှိ မဟာပြည်သူ့ခန်းမ၌ ဧပြီ ၁ဝ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ဧပြီ ၁ဝ ရက်တွင် ရှန်ဟိုင်းအာကာသစူးစမ်းလေ့လာရေးအဖွဲ့( SAO) က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး အလှမ်းကွာဝေးလှသော M87 နဂါးငွေ့တန်း၏ အလယ်ဗဟိုတွင် တည်ရှိသော ဧရာမတွင်းနက်ကြီး(black hole) တစ်ခုကိုရိုက်ကူးထားသည့် ကမ္ဘာ့ပထမဆုံးတွင်းနက်ဓာတ်ပုံကို ထုတ်ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့အတွင်းရှိ ရဲတပ်ရင်းဌာနချုပ် လိုင်းခန်းများအား ယနေ့ နံနက် အစောပိုင်းက AA လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်၍ တပ်မတော်နှင့် AA လက်နက်ကိုင်တပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့်တွင် အုပ်စု(က)ပထမ ရသဖြင့် တတိယအဆင့်သို့တက်ရောက်နိုင်ခဲ့ပြီး ထိုင်း၊ သြစတြေးလျ၊ တရုတ်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားအသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။