ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားသည့်ကာလတွင် နိုင်ငံပိုင်ဟိုတယ် ငှားရမ်းခ ပေးသွင်းခြင်းအား ၆လ ရွှေ့ဆိုင်းပေးခဲ့ပြီး ဟိုတယ်လုပ်ငန်းရှင်များက ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးရန် တင်ပြတောင်းဆိုချက်အပေါ် ဖြေလျော့မှုပေးနိုင်ရန် နည်းလမ်းရှာဖွေ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်အေးဟန် က ပြောကြားသည်။
ပေကျင်း ၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် လက္ခဏာမပြသော COVID-19 လူနာများ နှင့် အခြားသော အတည်ပြုလူနာများ နှစ်မျိုးစလုံးနှင့်ပတ်သက်၍ တန်းတူအလေးထားဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးအရာရှိတစ်ဦးက မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကာကွယ်ဆေးများ ၊ ဆေးစစ်တံများ(test kits) နှင့် ဆေးဝါများကို တိုးမြှင့်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ မူဘောင်နှင့်အတူ လုပ်ဆောင်နေပြီး နိုဗယ်ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါဖြစ်ပွားစေသော ဇီဝမျိုးကွဲ/မျိုးစိတ်ဆိုင်ရာ တွေ့ရှိချက်များကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းသို့ မျှဝေပေးရန် အစဉ်အမြဲတက်ကြွစွာ နှင့် ပွင့်လင်းစွာ...
ဘရာဇီးလီးယား၊ မေ ၁၇ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် မေ ၁၆ ရက် ဒေသစံတော်ချိန် ၁၉:၀၀ နာရီ အထိ ၂၄ နာရီတွင် COVID-19 အသစ်ထပ်တိုးအတည်ပြုလူနာ ၁၄,၉၁၉ ဦး ရှိခဲ့ရာ ယခုအခါ နိုင်ငံအတွင်း အတည်ပြုလူနာ စုစုပေါင်း ၂၃၃,၁၄၂ ဦး ရှိသွားပြီဖြစ်ကြောင်း...
စစ်ကိုင်း၊ မေ ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်ရုံ/အလုပ်ရုံ ၂၀၀၀ကျော်ရှိရာမှ မေလ ၁၅ ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊အလုပ်ရုံ ၄၀၀နီးပါးကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ ဝန်ကြီး ဦးမိုးကျော်သူက ဆင်ဟွာသို့ပြောကြားသည်။
နေပြည်တော်၊ မေ ၁၆ ရက်(ဆင်ဟွာ) COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီက အခြေခံပညာ ကျောင်းများ ပြန်ဖွင့်ရေးအတွက် ပညာရေး ဝန်ကြီးဌာနအား လမ်းညွှန်ထားပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော်၏အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား...
နေပြည်တော်၊ မေ ၁၆ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသား အဆင့် ဗဟို ကော်မတီသည် အခြေခံလူတန်းစာများအား ဒုတိယအကြိမ် ထောက်ပံ့သွားမည် ဖြစ်ရာ ပထမအကြိမ်မှာကဲ့သို ့ အခြေခံ စားကုန် ငါးမျိုး...
ဖနွမ်းပင်၊ မေ ၁၆ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၂၂ ဦးစလုံး နေပြန်ကောင်းလာပြီဖြစ်ကြောင်း၊ ရောဂါ ကူးစက်ခံရမှု အသစ် လုံးဝ မတွေ့ရှိသည်မှာ တစ်လကျော်ရှိလာပြီဖြစ်ကြောင်း မေ ၁၆ ရက်တွင် ပြောကြားလိုက်သည်။
ဝူဟန့်၊ မေ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက္ခဏာမပြဘဲ ကူးစက်ခံနေရသူအရေအတွက် ပိုမိုသိရှိနိုင်ရန်အတွက် ယခင်ကရောဂါစမ်းသပ်ခြင်း မပြုလုပ်ထားသူ ဒေသခံများအားလုံးကို nucleic acid စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်သွားရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော အားကောင်းသောမုန်တိုင်းငယ် (Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့ လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊ အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်း ဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း...