Connect with us

Social, Education & Health

လက္ခဏာမပြသော COVID-19 လူနာများနှင့်ပတ်သက်၍ တန်းတူအလေးထား ဆောင်ရွက်နေကြောင်း တာဝန်ရှိသူပြော

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ COVID-19 လူနာ သီးသန့် ကုသ ရေး Ditan ဆေးရုံတွင် မေ ၁၁ ရက်က ဝန်ထမ်းနှစ်ဦး ရောဂါ နမူနာများအား စစ်ဆေးနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် လက္ခဏာမပြသော COVID-19 လူနာများ နှင့် အခြားသော အတည်ပြုလူနာများ နှစ်မျိုးစလုံးနှင့်ပတ်သက်၍ တန်းတူအလေးထားဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးအရာရှိတစ်ဦးက မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယအကြီးအကဲ Zeng Yixin က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားရာတွင် ထိုသို့သော လူနာများအတွက် သင့်လျော်သော သီးသန့်ခွဲထား နေရာများစီစဉ်ပေးထားပြီး ဆေးဘက်ဆိုင်ရာလေ့လာစောင့်ကြည့်မှုကို တင်းကျပ်စွာ ပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါ ရောဂါလက္ခဏာမပြသည့်(asymptomatic)  ဖြစ်စဉ်များထဲတွင် ရောဂါကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာ အားလုံး မပြသူ သို့မဟုတ် အလွန်အမင်း မပြင်းထန်သော လက္ခဏာပြသူများ ပါဝင်ကြောင်း ၎င်းကဆိုသည်။

၎င်းတို့ထဲတွင် ရောဂါ အစပျိုးချိန်လူနာများ နှင့် နောက်ပိုင်းမှ ဆက်စပ် လက္ခဏာ မျိုးစုံပြသော လူနာများလည်း ပါဝင်ကြောင်း သိရသည်။ ထိုကဲ့သို့သော ဖြစ်စဉ်များကို အတည်ပြုလူနာများ စာရင်း သို့မဟုတ် တိတ်တဆိတ်ကူးစက်ခံထားရသူများ( silent infections) စာရင်းတွင် ထည့်သွင်းရန် ဖြစ်ကြောင်း ၊ ကျွန်တော်တို့အနေဖြင့် အဆိုပါ ရောဂါလက္ခဏာမပြသော(asymptomatic)ကာလအပိုင်းအခြားတွင် ထိုသူများအတွက် စီမံခန့်ခွဲမှုအပိုင်းကို ဆောင်ရွက်ပေးသွားရန် ဖြစ်ကြောင်း Zeng က ဆိုသည်။

သို့သော်လည်း ယင်းလူနာများနှင့်ပတ်သက်၍ ကော်မရှင်၏ နေ့စဉ်ထုတ်ပြန်ချက်များ နှင့် ၎င်းတို့၏ စီမံခန့်ခွဲမှုအပိုင်း သတင်းအချက်အလက်နှစ်ခုစလုံးကို ဖော်ပြပေးနိုင်ရန်အတွက် တူညီသော ကန့်သတ်မှု လုပ်ငန်းဆောင်တာများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း Zeng က ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117