ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်မှုကာကွယ်ရန်အတွက် လူများအနေဖြင့် အိမ်၌ နေထိုင်ချိန်အတွင်း ပြုမူဆောင်ရွက်ရန် အိမ်ခြံဝင်းဥယျာဉ်စိုက်ပျိုးရေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် (အဖွဲ့ဝင်) ဦးမျိုးတင့်ထွန်းက ဧပြီ ၁ ရက်တွင် ဆင်ဟွာကိုပြောသည်။
ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံအတွက် Palapa-N1 အမည်ရှိသော ဆက်သွယ်ရေးဂြိုဟ်တုတစ်စင်းကို စီချွန်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ရန်ပြင်ဆင်နေကြောင်း သိရသည်။
မော်စကို၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် မကြာသေးမီက တွေ့ဆုံခဲ့သော ရုရှားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် အဓိက ကုသရေးဆေးရုံ၏ ဆေးရုံအုပ်ဖြစ်သူထံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။
ဟနွိုင်း ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ဗီယက်နမ် နိုင်ငံ၌ COVID-19 ရောဂါ လူနာ နှစ်ဦး ထပ်မံ သက်သာပျောက်ကင်းသွားခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီ ၁ ရက်တွင် ကြေညာခဲ့ပြီး စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၆၀ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဧပြီ ၁ ရက်တွင် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့်...
ဖနွမ်းပင်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒွန်သီဟာမိုနီ (Norodom Sihamoni) သည် မယ်တော် နိုရိုဒွန် မိုနိ သီဟာနု (Norodom Monineath Sihanouk) နှင့်အတူ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုနှင့် ဆေးကုသမှုခံယူရန် ဧပြီ ၁ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့...
ရောမ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အီတလီတွင် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေသည် တည်ငြိမ်သည့်အနေအထားသို့ ရောက်ရှိပြီဖြစ်ကြောင်း ၊ သို့သော်လည်း ပြည်သူလူထုအနေဖြင့် သတိလက်လွတ်မနေကြရန် အီတလီ အဆင့်မြင့် ကျန်းမာရေး သုတေသနဌာနအကြီးအကဲ Silvio Brusaferroက မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို(Joko Widodo)က နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအနေဖြင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ တစ်ရပ်အား မတ် ၃၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ မတ် ၃၁ ရက် အစောပိုင်းထိ COVID-19 ရောဂါဖြင့်သေဆုံးသူ အရေအတွက်မှာ ၄ ထောင်ကျော်ထိရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရသိရသည်။
ဖနွမ်းပင် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 လူနာ နှစ်ဦးထပ်မံ သက်သာပျောက်ကင်းသွားသဖြင့် လက်ရှိတွင် နိုင်ငံအတွင်း ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း၂၅ ဦးထိ ရှိသွားပြီဖြစ်ကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက ယနေ့ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။