Connect with us

Science & Technology

တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံအတွက် ဆက်သွယ်ရေးဂြိုဟ်တုတစ်စင်း လွှတ်တင်ရန်ပြင်ဆင်နေ

တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံအတွက် ဆက်သွယ်ရေးဂြိုဟ်တုတစ်စင်း လွှတ်တင်ရန်ပြင်ဆင်နေ

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံအတွက် Palapa-N1 အမည်ရှိသော ဆက်သွယ်ရေးဂြိုဟ်တုတစ်စင်းကို စီချွန်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ရန်ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုအား တရုတ်နိုင်ငံ အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) နှင့် အင်ဒိုနီးရှားနိုင်ငံ Palapa Satelit Nusantara Sejahtera လုပ်ငန်းအကြား ၂၀၁၇ ခုနှစ် မေလက လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်အရ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Palapa-N1 ဂြိုဟ်တုကို တရုတ်နိုင်ငံ အာကာသနည်းပညာအကယ်ဒမီ (CAST) ၏ အဆင့်မြှင့်တင်ထားသော Dongfanhong-4 ဆက်သွယ်ရေးဂြိုဟ်တု ပလက်ဖောင်းတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ဂြိုဟ်တုလွှတ်တင်ရေးယာဉ် နည်းပညာအကယ်ဒမီမှ တီထွင်ထားသည့် သယ်ဆောင်ရေးဒုံးပျံ Long March-3B ဖြင့် လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။၎င်းဂြိုဟ်တုသည် အင်ဒိုနီးရှားနိုင်ငံ၊ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ အခြားနိုင်ငံနှင့် ဒေသများအတွက် ဆက်သွယ်ရေးနှင့် အသံလွှင့်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။  (Xinhua)