အန်ကာရာ၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဂရိနိုင်ငံဝန်ကြီးချုပ် ပါရှိသော ရဟတ်ယာဉ်အား Aegean ပင်လယ် တွင် နှောင့်ယှက်တိုက်ခိုက်မှု၌ တူရကီရဟတ်ယာဉ်များ ပါဝင်ခြင်းမရှိကြောင်း လုံခြုံရေးသတင်းရင်းမြစ်များ ၏ ပြောကြားကြားချက်ကို state-run Anadolu Agency ကမတ်လ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ကိဗ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တွင် လွန်ခဲ့သည့် ၃လအတွင်း ဝက်သက်ရောဂါပြန့်ပွားမှုကြီးတစ်ခုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး လူ ၃၂,၀၀၀ ကျော် ကူးစက်ခံခဲ့ရကြောင်း နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန က မတ် ၂၅ ရက် တွင်ပြောကြားခဲ့သည်။
စင်ကာပူ၊ မတ် ၂၆ ရက် (ဆင်ဟွာ) စင်ကာပူလေကြောင်းလိုင်းမှ မွမ်ဘိုင်း-စင်ကာပူ ပြေးဆွဲနေသော လေယာဉ်တစ်စင်းသည် မတ်လ ၂၆ ရက် နံနက်ပိုင်းက လေယာဉ်မှူးမှ ဗုံးသတိပေးချက်ရရှိပြီးနောက် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း၊ ယင်းသတိပေးချက်မှာ နောက်ပြောင်မှုတစ်ခုဟု သိရှိခဲ့ရကြောင်း Straits Times က သတင်းဖော်ပြထားသည်။
ရာဘတ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ သည် အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃.၇၈၇ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ဝယ်ယူမည်ဖြစ်ကြောင်း မော်ရိုကိုငွေကြေးသတင်းဝက်ဘ်ဆိုက် Medias24.com က မတ် ၂၅ ရက်တွင်ဖော်ပြခဲ့သည်။
ထရီပိုလီ၊ မတ် ၂၆ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ တောင်ပိုင်းတွင် အိုင်အက်စ်အဖွဲ့ဝင်များဖြစ်ဖွယ်ရှိသူများက မတ်လ ၂၅ ရက်တွင် အရပ်သား ၁ ဦးအား သတ်ဖြတ်ပြီး အခြား ၃ ဦးအားပြန်ပေးဆွဲခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
ဆာနား ၊ မတ် ၂၆ ရက်(ဆင်ဟွာ) ယီမင် နိုင်ငံ အရှေ့ပိုင်း Marib ပြည်နယ်တွင် မတ် ၂၅ ရက်က ဆော်ဒီ ဦးဆောင်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ဟူသီ သူပုန် ၅၀ ဦး သေဆုံးသွားခဲ့ကြောင်း ယီမင် အစိုးရမှ ထုတ်ဝေသော...
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲများ ပေးနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ မတ်လ ၂၆ ရက်(ဆင်ဟွာ) နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် အာမခံ အလုပ်သမားများ၏ ကျန်းမာရေး စောင့် ရှောက်မှုကို အပြည့်အ၀ ရရှိစေရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန၊ လူမှု ဖူလုံရေး အဖွဲ့နှင့် မေမေ အထွေထွေ ရောဂါကု ဆေးခန်းတို့ပူးပေါင်း...
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ၌ အာဆီယံနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်မှုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgenerတို့ ဆွေးနွေးခဲ့ကြောင်း...
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၉၇/၃-၄)ကြား၌ မတ် ၂၅ ရက် နံနက်အစောပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၄ ဦးသေဆုံးကာ လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော...