Connect with us

CHINA

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအတွက် ကူညီရန် အသင့်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန် ပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုကြောင့် လတ်တလောကြုံတွေ့နေရသည့် အခက်အခဲကို နားလည်ပါကြောင်းနှင့် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံအား တတ်နိုင်သမျှကူညီသွားရန် အသင့်ရှိပါကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မတ် ၂၇ ရက်တွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်စကားပြောရာ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတ ရှီက အမေရိကန်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအရေအတွက် မြင့်တက်လာသည်ကို စိုးရိမ်မိကြောင်း၊ ထရမ့်အနေဖြင့် ရောဂါထိန်းချုပ်ရေး တုန့်ပြန်ရာတွင် မူဝါဒများနှင့် ဆောင်ရွက်ချက်များစွာ လုပ်ဆောင်နေသည်ကိုလည်း သတိပြုမိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။  (Xinhua)