Connect with us

WORLD

အမေရိကန်နိုင်ငံရှိ တရုတ်နိုင်ငံသားများအား ကာကွယ်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရေးအတွက်  စစ်မှန်ခိုင်မာသော လုပ်ဆောင်မှုများ ဆောင်ရွက်ရန် သမ္မတ ရှီကျင့်ဖိန် ပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် အမေရိကန်နိုင်ငံ ဒေါ်နယ်ထရမ့်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ ဘေးကင်းရေးနှင့် ကျန်းမာရေးကို ကာကွယ်ပေးရန် လက်တွေ့ကျပြီး ထိရောက်သော ဆောင်ရွက်ချက်များလုပ်ဆောင်ပေးမည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က မတ် ၂၇ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ် သမ္မတ ရှီက လက်ရှိ အမေရိကန်တွင် တရုတ်ကျောင်းသားများအပါအဝင် တရုတ်နိုင်ငံသားများစွာရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 

ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေရေးအတွက် စစ်မှန်ခိုင်မာသော လုပ်ဆောင်မှုများ ဆောင်ရွက်ရန်လည်း သမ္မတ ရှီက တိုက်တွန်းခဲ့သည်။

နှစ်နိုင်ငံလုံးအနေဖြင့် ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ပဋိပက္ခဖြစ်ပွားမှုမရှိသော၊ ထိပ်တိုက်ရင်ဆိုင်မှုမရှိသော၊ အပြန်အလှန် လေးစားမှုရှိပြီး နှစ်နိုင်ငံ အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆက်ဆံရေးတစ်ခုတိုးတက်စေရန် အတူတကွ လုပ်ဆောင်သွားရေးအတွက် သမ္မတ ရှီက အကြံပြုခဲ့သည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117