ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) အား ချိတ်ဆက်ရန် ၂၀၁၉ခုနှစ်တွင်း သီးခြားစီလွှတ်တင်မှု ၇ခုဖြင့် ဂြိုဟ်တု ၁၀ခုကို လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လေကြောင်းအာကာသသိပ္ပံ နှင့် နည်းပညာ ကော်ပိုရေးရှင်း (CASC) က ဇန်နဝါရီ ၂၉...
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တိုင်းရင်းသားဒေသများတွင် အထူးဦးစားပေးဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် Gavi, The Vaccine Alliance အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း မြေပြင်တွင် အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်နေကြာင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆားဘီးယားသမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ivica Dacic တို့တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ကာရာကက်စ်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ နိုင်ငံတော်တရားရုံးချုပ် (TSJ) သည် ကြားဖြတ်သမ္မတအဖြစ် မိမိကိုယ်ကို ကြေညာထားသည့် အတိုက်အခံခေါင်းဆောင် Juan Guaido အား နိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီး ၎င်း၏ ငွေကြေးပိုင်ဆိုင်မှုများကို ဇန်နဝါရီ ၂၉ ရက်က ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
ဝါဆော၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ အနောက်ပိုင်း ရှိ Rudna ကြေးနီသတ္တုတွင်း၌ ဇန်နဝါရီ ၂၉ ရက်က ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် မိုင်းလုပ်သား ၉ဦး ပျောက်ဆုံးနေကြောင်း အဆိုပါမိုင်းတွင်းအား လုပ်ကိုင်နေသည့် KGHM ကုမ္ပဏီကပြောကြားခဲ့သည်။
မနီလာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Zamboanga မြို့ ရှိ ဗလီတစ်ခုအတွင်း၌ ဇန်နဝါရီ ၃၀ ရက် အစောပိုင်းက လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်ကျင်းပလျက်ရှိသော “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ တိုင်းရင်းသား အလှမယ်ပြိုင်ပွဲ၌ (Miss Ethnic Myanmar 2019 )winnerရရှိသော ကချင်တိုင်းရင်းသားကိုယ်စားလှယ် အလှမယ် M Ja Sengသည် သိန်း ၅၀တန် ရှစ်ပါးရတနာ သရဖူဆုကို...
မိုဂါဒစ်ရှူး၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ Banadir ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံးချုပ်အနီးရှိ ဓာတ်ဆီဆိုင် ဝင်ပေါက်အနီးတွင် ဇန်နဝါရီလ ၂၉ ရက်၌ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူသေဆုံးမှုများရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မျက်မြင်သက်သေများက ပြောကြားလိုက်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်၊ (၅)ရပ်ကွက် ကျိုက်လတ်-မော်လမြိုင်ကျွန်းကားလမ်း မိုင်တိုင်(၁/ဝ-၁)ကြား၌ ထော်လာဂျီယာဉ်တိမ်းမှောက်ပြီး လူ ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။