Connect with us

North America

အီရန်က အီရတ်ရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် အတည်ပြု

အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ် အဆောက်အဦအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်စစ်တပ် နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များအား အီရန်နိုင်ငံက ပဲ့ထိန်းဒုံးကျည် တစ်ဒါဇင်ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

“ ဇန်နဝါရီ ၇ ရက် ခန့်မှန်းခြေ ညနေ ၅နာရီခွဲလောက်မှာ အီရတ်နိုင်ငံအတွင်းက အမေရိကန်စစ်တပ်နဲ့မဟာမိတ်တပ်ဖွဲ့တွေကို အီရန်က ပဲ့ထိန်းဒုံးကျည် တစ်ဒါဇင်ကျော်လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်” ဟု ပင်တဂွန်စစ်ဌာနချုပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“ အဲဒီဒုံးကျည်တွေဟာ အီရန်ဘက်က ပစ်လွှတ်လိုက်တယ်ဆိုတာရှင်းပါတယ်။ အီရတ်နိုင်ငံ Al-Assad နဲ့ Irbil မှာရှိတဲ့ အနည်းဆုံး အမေရိကန်စစ်အခြေစိုက်စခန် နှစ်ခုနဲ့ မဟာမိတ်တပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာပါ ” ဟုထုတ်ပြန်ချက်က ဆိုသည်။အမေရိကန်နိုင်ငံသမ္မတအိမ်ဖြူတော်က အီရတ်နိုင်ငံ၌ အမေရိကန်စစ်အခြေစိုက်စခန်းများ တိုက်ခိုက်ခံရကြောင်း အသိပေးချက်ကို အစောပိုင်းတွင် ပြောကြားခဲ့ပြီး ၊ အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်းနှင့် ၎င်း၏ အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့နှင့် ညှိနှိုင်းဆွေးမှု ပြုလုပ်နေကြောင်း ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.