Connect with us

Africa & Middle East

ယူကရိန်း ခရီးသည်တင် လေယာဉ် ပျက်ကျမှုတွင် လိုက်ပါသူ ၁၈၀ ဦးစလုံး သေဆုံးဟုဆို

တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ယူကရိန်း ခရီးသည်တင် လေယာဉ် ပျက်ကျမှုတွင် လေယာဉ်ပေါ် လိုက်ပါသူ ၁၈၀ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း အီရန် နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ခဲ့သည်။

ယူကရိန်း အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းပိုင် ဘိုးရင်း 737 ခရီးသည်တင်လေယာဉ်တစ်စင်းသည် ယနေ့ ဇန်နဝါရီ ၈ ရက်တွင် လူပေါင်း ၁၈၀ ဦး တင်ဆောင်ကာ အီရန်နိုင်ငံ အီမမ်ခိုမီလေဆိပ်မှ ပျံတက်ပြီး မကြာမီ ပျက်ကျသွားခဲ့ကြောင်း အီရန် Fars သတင်းအေဂျင်စီက ဇန်နဝါရီ ၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။ (Xinhua)