Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်တည်ထောင်ထားသည့် ခီရီဘာတီနိုင်ငံတို့အကြား သဘောတူညီချက် ၃ ရပ် ရရှိ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်(Geng Shuang)အား ဇန်နဝါရီ ၇ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဓါတ်ပုံ-people.cn)

ပေကျင်း၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသို့ ခီရီဘာတီနိုင်ငံ သမ္မတ လာရောက်လည်ပတ်သည့်ခရီးစဉ်အတွင်း တရုတ်-ခီရီဘာတီ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေရန် သဘောတူညီချက် ၃ ရပ် ရရှိထား ပြီဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်(Geng Shuang) က ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောနှစ် စက်တင်ဘာလက ခီရီဘာတီနိုင်ငံသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့ရာ တရုတ်နိုင်ငံနှင့်သံတမန်ဆက်ဆံရေး ထူထောင်သည့် ၁၈၀ မြောက်နိုင်ငံ ဖြစ်လာသလို တရုတ်နိုင်ငံနှင့် ပစိဖိတ်သမုဒ္ဒရာ ကျွန်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုတွင် ၁၀ နိုင်ငံမြောက် မိတ်ဖက်သစ်လည်းဖြစ်လာကြောင်း ၊ နှစ်သစ်အစတွင် ခီရီဘာတီနိုင်ငံ သမ္မတတန်နက်တီ မမ်မာအူ (Taneti Mamau)သည်  ကြိုတင်စီစဉ်ထားသည့်အတိုင်း တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် လည်ပတ်ရေးခရီးစဉ် လာရောက်ခဲ့ကြောင်း ၊ ၎င်းသည် တရုတ်နိုင်ငံက ယခုနှစ်တွင် ပထမဆုံး ကြို ဆိုဧည့်ခံရသည့်  နိုင်ငံတော်လည်ပတ်ရေးခရီးစဉ်ဖြစ်ကြောင်း ကိန်းစွမ်(Geng Shuang) က ဇန်နဝါရီ ၇ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ သမ္မတရှီနှင့် ဝန်ကြီးချုပ် လီခဲ့ချန်က ဇန်နဝါရီ ၆ ရက်တွင် ခီရီဘာတီနိုင်ငံ သမ္မတ တန်နက်တီ မမ်မာအူ (Taneti Mamau)နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးရန်အတွက် အနာဂတ်ကောင်းကို ပုံဖော်ခဲ့ရာ အဓိကအားဖြင့် အောက်ပါသဘောတူညီချက် ၃ ရပ် ရရှိခဲ့ကြောင်း သိရသည်။

၁။ နိုင်ငံရေးအပြန်အလှန် ယုံကြည်မှုကို ထပ်မံတစ်ဆင့် ပို၍နက်ရှိုင်းအောင် ဆောင်ရွက်သွားရန် 

သမ္မတ တန်နက်တီ မမ်မာအူ က ခီရီဘာတီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို ယုံကြည်ရာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်တည်ထောင်မည့် အရေးကြီးဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့်“တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို ခိုင်မာစွာ ကျင့်သုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံကလည်း ခီရီဘာတီ နိုင်ငံသည် မိမိနိုင်ငံနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းစဉ်ကို ရွေးချယ်ခြင်းကို အလေးထားလေးစားကြောင်း ၊နှစ်နိုင်ငံအတူ အဆင်မြင့်အရာရှိနှင့်အလွှာအသီးသီး ၏ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားကာ နိုင်ငံရေးရာ စီမံခန့်ခွဲမှု အတွေ့ကြုံများကို မျှဝေသွားလိုကြောင်း ပြောကြားခဲ့သည်။ 

ထို့အပြင် တရုတ်-ခီရီဘာတီ နှစ်နိုင်ငံစလုံးက ကုလသမဂ္ဂ၊ ပစိဖိတ်သမုဒ္ဒရာကျွန်းနိုင်ငံများ ဖိုရမ်စသည့် ဘက်ပေါင်းစုံစနစ်အောက်တွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်ဆောင်ရွက်မှု (South–South cooperation)မူဘောင်အောက်တွင် ရာသီဥတုပြောင်းလဲမှုစသည့် စိန်ခေါ်မှုများကို အတူရင်ဆိုင်ကာ ဖွံဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်ရန် သဘောတူညီခဲ့ကြသည်။

၂။ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံတစ်ဆင့်တိုး၍ကျယ်ပြန့်စွာဆောင်ရွက်သွားရန်

သံတမန်ဆက်ဆံရေး ပြန်လည်တည်ထောင်ကတည်းက တရုတ်-ခီရီဘာတီ နှစ်နိုင်ငံသည်  ကဏ္ဍအသီးသီး၏ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ အစောပိုင်းကာလ အောင်မြင်မှုများ ရရှိခဲ့သည်။ ယခု နှစ်ဖက်သဘောတူလက်မှတ် ရေးထိုးထားသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အတူဖော်ဆောင်ရေး နားလည်မှုစာချွန်လွှာသည်  ခီရီဘာတီနိုင်ငံ၏ နှစ် ၂၀ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ချိတ်ဆက်သွားမည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ပလက်ဖောင်းနှင့် လမ်းပြဖြစ်သည်။ကုန်သွယ်စီးပွား ၊လယ်ယာစိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း၊ အခြေခံအဆောက်အဦစသည့် ကဏ္ဍများ၏ ပူးပေါင်း ဖလှယ်မှုကို တိုးမြင့်ကာ ရေရှည်ဖွံ့ဖြိုးတိုးတက်၍စည်ပင်ဝပျောမှုကို အတူ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် နှစ်နိုင်ငံ သဘောတူညီမှုရရှိခဲ့သည်။

၃။ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို တစ်ဆင့်တိုးမြှင့် နီးကပ်စွာ ဆောင်ရွက်သွားရန်

တရုတ်နိုင်ငံနှင့် ခီရီဘာတီနိုင်ငံသည် လူမှုယဉ်ကျေးမှုဖလှယ်ရေးနှင့် ဒေသပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်ကာ အပြန်အလှန်နားလည်မှုရှိစေရန်နှင့် ချစ်ကြည်ရေးတိုးပွားစေရန် ကျယ်ပြောသည့် ပစိဖိတ်သမုဒ္ဒရာ၏ ပေါင်းကူးတံတား အဖြစ်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။ ခီရီဘာတီနိုင်ငံသည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော အီကွေတာမျဉ်းကို ဒေါင်လိုက်ဖြတ်တည်ရှိသော နိုင်ငံဖြစ်ပြီး ကမ္ဘာ့ နေ့/ညရက်သတ်မျဉ်း(IDL)အလျားလိုက်ဖြတ်သန်းသည့်နိုင်ငံဖြစ်သလို  နှစ်သစ်ကို အစောဆုံးကြိုဆိုရသည့်နိုင်ငံများအနက်တစ်ခုဖြစ်ရာ ခရီးသွားအရင်းမြစ်ပေါကြွယ်၀သည်။ တရုတ်နိုင်ငံအနေဖြင့် ခီရီဘာတီနိုင်ငံကို တရုတ်နိုင်ငံသားများ အဖွဲ့လိုက်သွားရောက်လည်ပတ်သည့် နိုင်ငံအနေဖြင့် ခွင့်ပြုပြီးဖြစ်ရာ အနာဂတ်တွင် တရုတ်နိုင်ငံခရီးသွား အများအပြား သွားရောက်လည်ပတ်ကြမည်ဟု ယုံကြည်ကြောင်း ကိန်းစွမ်(Geng Shuang)က ဆိုသည်။

တရုတ်-ခီရီဘာတီ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးပြန်လည်တည်ထောင်ခြင်းသည် နှစ်နိုင်ငံပြည်သူအများ၏ဘုံအကျိုးစီးပွားနှင့် ကိုက်ညီသည်ကို လက်တွေ့တွင် သက်သေပြပြီးဖြစ်ရာ နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်အဟုန်မြင့် လျှင်မြန်စွာ ဖွံ့ဖြိုးအောင်မြင်လာကာ အတူစည်ပင်ဝပျောသည့် အနာဂတ်မနက်ဖြန်ကို ကြိုဆိုရမည်ဟု ယုံကြည်ကြောင်း ကိန်းစွမ်(Geng Shuang)က ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.