Connect with us

Local

ကျောက်မျက်ရတနာပြပွဲက မျှော်မှန်းသည်ထက် ကျပ် ဘီလီယံ ၂၀ ခန့်ပိုမို ရောင်းချခဲ့ရ

မြန်မာကျပ်ငွေဖြင့် ရောင်းချသောကျောက်မျက်ပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် မြန်မာ့ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော် ကျောက်မျက်ပြပွဲ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ဇန်နဝါရီ ၂ ရက်မှ ၇ ရက်နေ့အထိ ကျင်းပခဲ့ရာ မူလ မျှော်မှန်းထားသည့် ရောင်းအား (ကျပ် ဘီလီယံ ၄၀) ထက် ကျပ် ၂၀ ဘီလီယံခန့်ပိုမို ရောင်းချ ခဲ့ရသည်ဟု မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်း အထွေထွေမန်နေဂျာ၊ စီမံရေးရာ လုပ်ငန်း ကော်မတီ ဥက္ကဌ ဦးသက်ခိုင်က ယနေ့ညနေပိုင်းတွင်ပြောကြားခဲ့သည်။

ပြပွဲတွင် ပြသခဲ့သော ကျောက်စိမ်းအတွဲပေါင်း ၃,၆၉၅ တွဲအနက် ၃၄၉၁ တွဲ( ကျပ် ၅၉,၄၅၉ ဒသမ ၈ သန်း၊ တင်ပြခဲ့သော ကျောက်မျက် ၂၈၆ တွဲ အနက် ကိုးတွဲ (ကျပ် ၃၆ ဒသမ ၉၂ သန်း )ရောင်းချခဲ့ရ ကြောင်း၊ တစ်နည်းအားဖြင့် ကျောက်မျက် ကျောက်စိမ်း အတွဲပေါင်း ၃,၉၈၁ တွဲအနက် ၃,၅၀၀ တွဲရောင်းချခဲ့ရခြင်း ဖြစ်ပြီး တန်ဖိုးငွေ စုစုပေါင်း ကျပ် ၅၉,၄၉၆ ဒသမ ၇ သန်း( ကျပ် ၅၉ ဒသမ ၄၉၆ ဘီလီယံ)ရှိပြီး ပြပွဲ အစတွင် ကျပ် ဘီလီယံ လေးဆယ် ခန့်ရောင်းရလိမ့်မည်ဟု မျှော်မှန်းထား ခဲ့သဖြင့် ဘီလီယံ ၂၀ ဖိုးခန့်ပိုမိုရောင်းချခဲ့ရကြောင်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ မီဒီယာသို့ ဖြေကြားနေစဉ် (ဆင်ဟွာ)

ပြည်တွင်း ရတနာကုန်သည် ၂၀၂၃ ဦး တက်ရောက်ခဲ့သည့် အဆိုပါ ပြပွဲသည် ၂၀၁၉ ဇွန်လတွင် ကျင်းပခဲ့သည့်မြန်မာ ကျပ်ငွေဖြင့် ရောင်းချခဲ့သောပြပွဲနှင့် နှိုင်းယှဉ်ပါက ကျောက်မျက် ကျောက်စိမ်း တင်ပြခဲ့သည့် အတွဲအရေအတွက် ပိုများခဲ့ကြောင်း၊ တင်ပြခဲ့သည့် ကျောက်စိမ်းတွဲများတွင် နိုင်ငံတော်ပိုင် ကျောက် စိမ်းတွဲ ၂၅ တွဲ လည်း ပါ၀င်ပြီး ထို ၂၅ တွဲစလုံး ရောင်းချခဲ့ရပြီး ကျပ်သိန်း ၄,၅၀၀ ခန့်ရရှိခဲ့ကြောင်း၊ တင်ပြထားသော ကျောက်စိမ်းတွဲများအနက် ရောင်းဈေး အမြင့်ဆုံးရခဲ့သော ကျောက်စိမ်းတွဲ၏ တန်ဖိုးမှာ ကျပ်သိန်း ၅,၈၀၀  ဖြစ်ကြောင်း၊ ရောင်းထွက်ပြီး ကျောက်များအား ငွေချေရမည့်ရက်ကို ယခင်က ရက် ပေါင်း ၆၀ သတ်မှတ်ခဲ့ပြီး ယခုပွဲမှ စ၍ ၄၅ ရက် သို့ပြောင်းလဲရခြင်းမှာ မြန်မာ ကျပ်ငွေဖြင့် ရောင်းချသည့်ပွဲ၊ ယူရိုငွေဖြင့် ရောင်းချသည့်ပွဲ ဟူ၍ ပွဲများ စိပ်လာသဖြင့် ယခုကဲ့သို့ပြောင်းရခြင်းဖြစ်ကြောင်း၊ ယခုပွဲကျင်းပရသည့် ရည်ရွယ်ချက်များတွင် ပြည်တွင်း ကျောက်စိမ်း အချောထည် လုပ်ငန်းများအတွက် ကျောက်စိမ်း အရိုင်းထည်များ ရရရှိစေရေးလည်း ပါ၀င်ပြီး အဆိုပါ ရည်ရွယ်ချက်ကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်းလည်း မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်း အထွေထွေမန်နေဂျာ၊ စီမံရေးရာ လုပ်ငန်း ကော်မတီ ဥက္ကဌက ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့စီမံရေးရာ လုပ်ငန်းကော်မတီမှ ဒုတိယ ဥက္ကဌ ဦးနိုင်ဇော်ဦး၊ ကျောက်စိမ်း လုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဦးကျော်ဦးလွင်၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးသောင်းကြည်၊ ကျောက်မျက်လုပ်ငန်းကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်တို့ တက်ရောက်ပြီး ပူးပေါင်း ဖြေကြားခဲ့ကြခြင်းဖြစ်သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117