ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့၌ ဇန်နဝါရီလ ၂၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် ကျပ် သိန်း ၆၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၀၂၂၅၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆိုးလ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ၏ ဆန်စားသုံးမှုသည် ပြီးခဲ့သောနှစ်တွင် ဆက်လက်ကျဆင်းခဲ့သော်လည်း ဆန်ဖြင့်ပြုလုပ်ထားသည့် အသင့်အစားအစာများစားသုံးမှုမှာ မြင့်တက်လျက်ရှိကြောင်း ဇန်နဝါရီလ ၂၇ ရက်တွင်ထုတ်ပြန်ခဲ့သော အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၁ ဒသမ ၂ သန်း ခန့်ရှိကြောင်း ဇန်နဝါရီ ၂၈ရက်တွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဒေသတွင်း မသန်စွမ်းသူများ အခွင့််အရေး ဆိုင်ရာဆွေးနွေးပွဲ၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက...
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် United Nations International Children’s Emergency Fund (UNICEF) အမှုဆောင်ညွှန်ကြားရေးမှူး Ms. Henrietta H. Foreနှင့် ယနေ့တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် UNICEF တို့...
မန္တလေး ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင်ဒေသတွင်း အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ ဖွင့်ပွဲ အခမ်းအနား ကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်း က မန္တလေးမြို့ရှိ ဟိုတယ်ရွှေပြည်သာ တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး “လန်ချန်း-မဲခေါင် ဒေသတွင်းရှိ အဖွဲ့ဝင်...
နေပြည်တော်၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) Invest Myanmar Summit 2019 အား နေပြည်တော် MICC II တွင် ယနေ့ စတင် ကျင်းပရာ အစည်းအဝေး ဖွင့် ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့် အမှာစကား...
ရန်ကုန်၊ ဇန်နဝါရီဘ ၂၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် သိန်း၅၀၀၀တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ကဘူးလ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Ghazni ပြည်နယ် ၌ ညသန်းခေါင်ယံအချိန်တွင် အာဖဂန်စစ်တပ်က စစ်ဆင်ရေးတစ်ခုဆောင်ရွက်ခဲ့ပြီး တာလီဘန်အကျဉ်းထောင်မှ လူ ၃၈ဦးကို ကယ်ဆယ်ခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၂၈ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမ(၁၀)ရက်ပတ် တွင် ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေတို့ သည် လက်ရှိရေမှတ်များထက် ကျဆင်းလာနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ တောင်ပိုင်း Guerrero ပြည်နယ် တွင် လက်နက်များကိုင်ဆောင်ထားသော အရပ်သားအုပ်စု နှစ်ခု အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ဦးသေဆုံးပြီး အခြား ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဇန်နဝါရီ ၂၇ ရက်တွင်ပြောကြားခဲ့သည်။