Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၌ ဆောက်လက်စ အဆောက်အဦပြိုကျမှုအတွင်း သေဆုံးသူဦးရေ ၃၆ ဦးအထိ မြင့်တက်လာ

ကမ္ဘောဒီးယားနိုင်ငံ ကပ်(Kep)ပြည်နယ် ကပ်(Kep)မြို့တွင် ပြိုကျပျက်စီးခဲ့သည့်အဆောက်အဦအား တွေ့ရစဉ် (ဆင်ဟွာ)

ကပ်၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ကပ်(Kep)ပြည်နယ် ကပ်(Kep)မြို့တွင် ဇန်နဝါရီ ၃ ရက်က အဆောက်အဦတစ်လုံးပြိုကျမှုအတွင်းသေဆုံးသူဦးရေ ၃၆ ဦးအထိ မြင့်တက်လာပြီဖြစ်ပြီး အခြားဒဏ်ရာရသူ ၂၃ ဦးရှိသည်ဟု ယင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆင်ဟွာကို ဇန်နဝါရီ  ၅ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။ 

အဆောက်အဦပြိုကျမှုတွင် သေဆုံးဒဏ်ရာရသူများသည် ကမ္ဘောဒီးယား အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လုပ်နေဆဲဖြစ်ကြောင်း သိရသည်။အချင်းဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်းဆန်(Hun Sen)က အချင်းဖြစ်ပွားသည့်နေရာသို့သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ညွှန်ကြားခဲ့ပြီး သေဆုံးသူများအတွက် ဝမ်းနည်းစကားပြောကြားခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ကပ်(Kep)ပြည်နယ် ကပ်(Kep)မြို့တွင် ပြိုကျပျက်စီးခဲ့သည့်အဆောက်အဦအား တွေ့ရစဉ် (ဆင်ဟွာ) 

ကမ္ဘောဒီးယားနိုင်ငံ ကပ်(Kep)ပြည်နယ် ကပ်(Kep)မြို့တွင် ပြိုကျပျက်စီးခဲ့သည့်အဆောက်အဦအား တွေ့ရစဉ် (ဆင်ဟွာ) 

ကမ္ဘောဒီးယားနိုင်ငံ ကပ်(Kep)ပြည်နယ် ကပ်(Kep)မြို့တွင် ပြိုကျပျက်စီးခဲ့သည့်အဆောက်အဦအား တွေ့ရစဉ် (ဆင်ဟွာ) 

တရုတ်ကုမ္ပဏီလုပ်ငန်းများမှ ဝန်ထမ်းများကလည်း အချင်းဖြစ်နေရာသို့သွားရောက်၍  စားသောက်စရာများ၊ စက်ပစ္စည်းများကို ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။အဆောက်အဦပိုင်ရှင်က ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ကြောင်း ၊ လက်ရှိတွင် ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားကြာင်းနှင့် အချင်းဖြစ်ပွားသည့်အကြောင်းအရင်းအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။အချင်းဖြစ်အဆောက်အဦသည် ဇန်နဝါရီ ၃ ရက် ညနေက ပြိုကျခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ဆောက်လက်စဖြစ်သော်လည်း လူများ နေထိုင်နေကြောင်း သိရသည်။  (Xinhua)