Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရှိ  စစ်အကယ်ဒမီကျောင်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရ၊ ကျောင်းသား ၂၈ ဦး သေဆုံး 

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရှိ လေကြောင်းတိုက်ခိုက်ခံခဲ့ရသော စစ်အကယ်ဒမီကျောင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီရှိ စစ်အကယ်ဒမီကျောင်းတစ်ခု ဇန်နဝါရီ ၄ ရက်က လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၂၈ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရခဲ့သည်ဟု လစ်ဗျား အမျိုးသား ညီညွတ်ရေးအစိုးရ စစ်တပ်က အချင်းပွားသည့်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို လစ်ဗျားအမျိုးသားတပ်မတော်ခေါင်းဆောင်Khalifa Haftarကို ထောက်ခံသော ပြည်ပလေတပ်က  ပြုလုပ်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

လစ်ဗျား အမျိုးသားညီညွတ်ရေးအစိုးရ စစ်တပ်က လူမှုကွန်ရက်မီဒီယာတွင် အချင်းဖြစ်နေရာ၌ သွေးစိမ်းရွှင်ရွှင်ဖြစ်နေပုံ လူများမြေပြင်ပေါ်တွင် အတုံးအရုံးဖြစ်လဲနေပုံနှင့် အရေးပေါ်ကယ်ဆယ်ရေးယာဉ်များ ရပ်နားထားပုံများကို တင်ထားကြောင်း သိရသည်။လက်ရှိတွင် လစ်ဗျားအမျိုးသားတပ်မတော်က အဆိုပါတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ တုန့်ပြန်မှုမရှိသေးကြောင်း သိရသည်။ လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် မွတ်မာကဒါဖီအစိုးရအဖွဲ့ ဖြုတ်ချခံရပြီးနောက် နိုင်ငံအတွင်း မငြိမ်မသက်မှုများဖြစ်ပွားခဲ့ရာ လက်ရှိတွင် အင်အားနှစ်ခု ကွဲထွက်နေ ပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေသလို နေရာအမြောက်အမြားတွင် မင်းမဲ့အနေအထားဖြစ်နေသည်။ လစ်ဗျားနိုင်ငံ အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ၎င်းတို့အား ထောက်ခံသည့် လက်နက်ကိုင်အင်အားစုမှာ အနောက်ပိုင်းဒေသအချို့ကို ထိန်းချုပ်ထားပြီး အောက်လွှတ်တော် အဖွဲ့က လစ်ဗျားနိုင်ငံ အရှေ့ပိုင်းရှိ Tobruk မြို့တွင် အစိုးရဖွဲ့၍ Khalifa Haftar ဦးဆောင်သည့် အမျိုးသားတပ်မတော် နှင့်ပူးပေါင်းကာ လစ်ဗျားအရှေ့ပိုင်း၊အလယ်ပိုင်း ဒေသများ၊ တောင်ပိုင်းရှိ အဓိက မြို့များနှင့် အနောက်ပိုင်းရှိမြို့ အချို့ကို ထိန်းချုပ်ထားသည်။

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရှိ လေကြောင်းတိုက်ခိုက်ခံခဲ့ရသော စစ်အကယ်ဒမီကျောင်းအား တွေ့ရစဉ် (ဆင်ဟွာ) 

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရှိ လေကြောင်းတိုက်ခိုက်ခံခဲ့ရသော စစ်အကယ်ဒမီကျောင်းအား တွေ့ရစဉ် (ဆင်ဟွာ) 

၂၀၁၉ ခုနှစ် ဧပြီလတွင် လစ်ဗျားအမျိုးသားတပ်မတော်က ထရီပိုလီကို စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာပြီး ၎င်းမြို့ကို ထိန်းချုပ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရတပ်နှင့်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် Khalifa Haftar က အမျိုးသားတပ်မတော်၏ ထရီပိုလီကို သိမ်းပိုက်မည့်စစ်ဆင်ရေး နောက်ဆုံးအခြေအနေရှိပြီဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.