Connect with us

Politics, Law & Military

ပင်လယ်ကွေ့ဒေသ တင်းမာမှုများ အရှိန်အဟုန်မြင့်တက်လာသည့်အပေါ် တရုတ်-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး 

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗ့်ရုဗ်တို့တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

လက်ရှိ ပင်လယ်ကွေ့ဒေသ တင်းမာမှုများ အရှိန်အဟုန် မြင့်တက်နေခြင်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်-ရုရှားနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ ရပ်တည်ချက်များနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗ့်ရုဗ်တို့ ဇန်နဝါရီ ၄ ရက်က ဖုန်းဖြင့် ဆက်သွယ်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် အမေရိကန် -အီရန်  ပဋိပက္ခအရှိန်မြင့်တက်နေမှုကိုအထူးဂရုပြုစောင့်ကြည့်လျက်ရှိကြောင်း ၊ နိုင်ငံတကာဆက်ဆံရေးတွင် လက်နက်အင်အားအလွဲသုံးစားလုပ်ခြင်းကို ဆန့်ကျင်သလို စစ်ရေးအန္တရာယ်ဖြစ်ပွားအောင် လုပ်ဆောင်မှုများကိုလည်း လက်မခံပါကြောင်း ပြောကြားခဲ့သည်။ ဘက်ပေါင်းစုံက ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ရည်ရွယ်ချက်နှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံသတ်မှတ်ချက်များကို လိုက်နာသင့်ကြောင်း ၊ အီရတ်၏ အချုပ်အခြာအာဏာလွတ်လပ်ရေးနှင့် နယ်မြေပိုင်နက်ကို လေးစားသင့်ကြောင်း ၊ အရှေ့အလယ်ပိုင်းပင်လယ်ကွေ့ဒေသ၏ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကာကွယ်သင်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်- ရုရှား နှစ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏အမြဲတမ်းအဖွဲ့၀င်နိုင်ငံအနြေဖင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးတွင် အရေးကြီးသည့်တာဝန်ရှိကြောင်း ၊ နှစ်နိုင်ငံအနြေဖင့် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများကို တိုးမြှင့်ဆောင်ရွက်သင့်ပြီး နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ တရားမျှတမှုကို အတူကာကွယ်ကာ လက်ရှိ အရှေ့အလယ်ပိုင်းအခြေအနေကို သင့်တင့်ကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ရန် တာဝန်သိသိဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ပြောကြားခဲ့သည်။

 ရုရှား နိုင်ငံခြားရေးဝန်ကြီး  ဆာဂျီလာဗ့်ရုဗ်က ရုရှားနိုင်ငံနှင့်တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်ထပ်တည်း တူညီပါကြောင်း ၊ အမေရိကန်၏ လုပ်ရပ်မှာ တရားမဝင်ဖြစ်ရာ ရှုတ်ချသင့်ကြောင်း ၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တူ ညှိနှိုင်းဆွေးနွေးမှုများ နီးနီးကပ်ကပ်ဆောင်ရွက်သွားကာ တင်းမာမှုအရှိန်အဟုန် မြင့်တက်မှုများကို ရှောင်ရှားနိုင်စေရန် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားလိုကြောင်းပြောကြားခဲ့သည်။ ထို့အပြင် တရုတ်-ရုရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့သည် လစ်ဗျား၊ ဆီးရီးယားစသည့် အရေးကိစ္စများ၏နောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြရာ ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာ တည်ငြိမ်ရန် နီးကပ်သည့်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။ (Xinhua)