Connect with us

Politics, Law & Military

 အီရန် ထိပ်တန်း ဗိုလ်ချုပ်ကြီး တိုက်ခိုက်ခံရမှုနှင့်စပ်လျဉ်း၍ အီရန်- တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးမိုဟာမက် ဂျာဗတ် ဇာရစ်ဖ်အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

အီရန်ထိပ်တန်း ဗိုလ်ချုပ်ကြီး တိုက်ခိုက်ခံရမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ချိန်းဆိုချက်အရ ဇန်နဝါရီ ၄ ရက်က အီရန်နိုင်ငံခြားရေးဝန်ကြီးမိုဟာမက် ဂျာဗတ် ဇာရစ်ဖ်  နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 

မိုဟာမက် ဂျာဗတ် ဇာရစ်ဖ်က အီရန် ထိပ်တန်းဗိုလ်ချုပ်ကြီး တိုက်ခိုက်ခံရမှုတွင် အီရန်၏ ရပ်တည်ချက်ကို ပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန်၏ ကြမ်းတမ်းသည့် လုပ်ရပ်ကို အပြင်းအထန်ရှုတ်ချကြောင်း ၊ အမေရိကန်၏ လုပ်ရပ်များသည် ပြင်းထန်သည့်ဆိုးကျိုးရလဒ်များ ဖြစ်လာစေမည်ဖြစ်ကြောင်း ၊ အီရန်အနေဖြင့် ယင်းကိစ္စကို  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အား စာတစ်စောင်ပေးပို့ထားပြီးဖြစ်ကြောင်း ၊ ဒေသတွင်းတင်းမာမှုများ မြင့်တက်လာခြင်းကို ကာကွယ်ရာတွင် တရုတ်နိုင်ငံက အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်စေလိုကြောင်း  မိုဟာမက် ဂျာဗတ် ဇာရစ်ဖ်က ပြောကြားခဲ့သည်ဟု သိရသည်။

ဝမ်ရိက အမေရိကန်၏ စစ်ရေးအန္တရာယ်ဖြစ်ပွါးစေမည့်လုပ်ဆောင်ချက်သည် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစည်းမျဉ်းကို ဖျောက်ဖျက်ခြင်းဖြစ်ရာ ဒေသတွင်းတင်းမာမှုများကို ပို၍ဆိုးဝါးစေမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးတွင် လက်နက်အင်အား သုံးခြင်းကို ဆန့်ကျင်ကြောင်း ၊ စစ်ရေးနည်းလမ်းသည် အဖြေရှာရန် ထွက်ပေါက်မဟုတ်သလို အစွန်းဆုံးဖိအားပေးခြင်းသည် ဖြေရှင်းနိုင်မည့်နည်းလမ်းမဟုတ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ကို လက်နက်အင်အား အလွဲသုံးစားမလုပ်ရန် ၊ တွေ့ဆုံဆွေးနွေးအဖြေရှာရန် တိုက်တွန်းကြောင်း ၊ တည့်မတ်မျှတမှုကိုလက်ကိုင်ထားကာ အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ဒေသ၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ကာကွယ်ရန် အပြုသဘော ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.