Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ်၌ ၁၂ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ တောင်အောက်သို့ ပြုတ်ကျ တိမ်းမှောက် ၊ လူသုံးဦး သေဆုံး

တောင်အောက်သို့ ပြုတ်ကျ တိမ်းမှောက်သွားသည့် ယာဉ်အား မီးသတ် တပ်ဖွဲ့ဝင်များ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ်(ဓာတ်ပုံ - Myanmar Fire Services Department)

ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် လွိုင်လင် မြို့နယ်၌ ၁၂ ဘီးယာဉ် တစ်စီးသည် ဇန်နဝါရီ ၅ ရက် ညနေပိုင်းတွင် ဘရိတ်ပေါက်ကာ တောင်အောက်သို့ ပြုတ်ကျ တိမ်းမှောက်ခဲ့သဖြင် ယာဉ်ပေါ်ပါ လူသုံးဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

လွိုင်လင်-မိုင်းပွန်ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် (၁၆၅/၃) နှင့် (၁၆၅/၄)အကြားတွင် Nissan (၁၂)ဘီး(အပြာရောင်) ယာဉ်သည် ဘရိတ်ပေါက်၍ တောင်အောက်သို့ ပြုတ်ကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လွိုင်လင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေ(၂၀)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ကျား(၇)ဦးအနက် (၃)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက် ဒဏ်ရာ(မစိုးရိမ်ရ) ရတို့အား မေတ္တာခြုံလွှာလူမှုကူညီရေးအသင်း နှင့် အဖြူရောင်လူငယ်ပရဟိတအသင်းတို့မှ လွိုင်လင် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117