Connect with us

Politics, Law & Military

 လက်ရှိ အရှေ့အလယ်ပိုင်းအခြေအနေနှင့် စပ်လျဉ်း၍ တရုတ်-ပြင်သစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး 

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်း-ယေ့စ်လီဒရိန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ချိန်းဆိုချက်အရ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်း-ယေ့စ်လီဒရိန်း (Jean-Yves Le Drian)  နှင့် ဇန်နဝါရီ ၄ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂျင်း-ယေ့စ်လီဒရိန်းက လက်ရှိ အရှေ့အလယ်ပိုင်းအခြေအနေအပေါ် ပြင်သစ်နိုင်ငံ၏ အမြင်သဘောထားကို ပြောကြားခဲ့ရာ ပြင်သစ်နိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် လက်နက်သုံးခြင်းကို ဆန့်ကျင်ကြောင်း၊ အီရတ်၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ကို လေးစားသင့်သည်ဟု ယူဆကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် အီရန်နျူကလီးယားသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းရန်မှာ အထူးအရေးကြီးကြောင်း ၊ ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ထိတွေ့ဆွေးနွေးမှုများ နီးကပ်စွာဆောင်ရွက်သွားကာ ဒေသတွင်းအခြေအနေတင်းမာမှုအရှိန်ကို လျှော့ချကာကွယ်ရန် အပြုသဘော ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံနှင့်ပြင်သစ်နိုင်ငံ၏ ရပ်တည်ချက်မှာ တူညီမှုရှိကြောင်း ၊တစ်ဖက်သတ်အင်အားသုံးခြင်းသည် ပြသာနာကို မဖြေရှင်းနိုင်ဘဲ ပြောင်းပြန်အကျိုးဆက်ကိုသာ ရရှိမည်ဖြစ်ရာ ထိပ်တိုက်တွေ့ဆုံမှုဆိုးကျိုးစက်ဝိုင်းသံသရာလည်စေနိုင်ရာ နောက်ဆုံးတွင်ဖြေရှင်းရခက်မည်ဖြစ်ကြောင်း၊ တရုတ်-ပြင်သစ် နှစ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ရာ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးတာဝန်သည် ပခုံးအထက်၌ရှိရာ မဟာဗျူဟာ ညှိနှိုင်းမှုများကို တိုးမြင့်၍ အပြုသဘော ဆောင်ရွက်ကာ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၏ ရည်ရွယ်ချက်၊ စည်းမျဉ်းစည်းကမ်းနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံစည်းမျဉ်းကို ထိန်းသိမ်းပြီး တစ်ဖက်သတ် လက်နက်သုံးဆောင်ရွက်မှုမှန်သမျှကို အတူ ဆန့်ကျင်ကန့်ကွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန် နျူကလီးယားသဘောတူညီချက်သည် ဘက်ပေါင်းစုံ သံတမန်ရေး၏အရေးကြီးသည့် ရလဒ်ဖြစ်ရာ ဘက်ပေါင်းစုံ၏ ကြိုးပမ်းမှုနှလုံးသွေးစုစည်းရာ ဖြစ်သလို အရှေ့အလယ်ပိုင်း တည်ငြိမ်အေးချမ်းရေး၏ အရေးကြီးသည့်အထောက်အပံ့လည်းဖြစ်ကြောင်း ၊ အီရန် တိုက်ခိုက်ခံရမှုကြောင့် နျူကလီးယားသဘောတူညီချက် ဆောင်ရွက်မှုကို သက်ရောက်မှုမရှိစေရန် ဘက်ပေါင်းစုံက ဆွေးနွေးညှိနှိုင်းမှုများကို နီးကပ်စွာဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117