Connect with us

Politics, Law & Military

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ကြိမ်မြောက် အစည်းအဝေးကျင်းပရန်ခေါ်ယူ

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ကြိမ်မြောက် အစည်းအဝေး အား ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် စတင်ကျင်းပရန်  ပြည်ထောင်စုလွှတ်တော် မှ ယနေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည်ထောင်စု လွှတ်တော်ဥပဒေဆိုင်ရာ ပုဒ်မ ၁၃ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃ နှင့် နည်းဥပဒေခွဲ (ခ) တို့အရ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ကြိမ်မြောက် ပုံမှန် အစည်းအဝေးအား ၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီ ၂၇ ရက် တနင်္လာနေ့ ၁၃း၃၀ နာရီ တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။  (Xinhua)