ကိုလံဘို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ကာလရှည်ကြာဖြစ်ပွားနေသည့် လူနှင့်ဆင်များအကြား ပဋိပက္ခကြောင့် ယခုနှစ် ဒီဇင်ဘာလလယ်အထိ ဆင်ကောင်ရေ ၃၀၀ နှင့် လူဦးရေ ၁၀၀ သေဆုံးခဲ့ကြောင်း သီရိလင်္ကာ တောရိုင်းတိရစာ္ဆန်ဆိုင်ရာဌာနက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်အထိ တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ် ၂၉၈ လုံး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်သော သတင်းအရသိရသည်။
မကာအို ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ယနေ့(ဒီဇင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းတွင် အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားတက်ရောက်ရန် မကာအိုသို့ရောက်ရှိ လာခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှား မဟာဗျူဟာမြောက် ဒုံးကျည် တပ်ဖွဲ့၏ ၆၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအား ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့ရာ ယင်းတပ်ဖွဲ့များတွင် ခေတ်မီ လက်နက်များ တပ်ဆင်ထားမှုမှာ ၇၆ ရာခိုင်နှုန်း ရှိခဲ့ပြီ ဖြစ်ကြောင်း ရုရှား...
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ပါကစ္စတန် သတင်းမီဒီယာများက အခြား ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်သည့်နိုင်ငံများ၏ မီဒီယာများနှင့်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအပါအဝင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတည်ဆောက်မှုကို အပြည့်အဝပံ့ပိုးဆောင်ရွက်ပေးစေလိုကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် သတင်းနှင့်ထုတ်လွှင့်မှုဆိုင်ရာ အထူးအကြံပေးပုဂိ္ဂုလ်Firdous Ashiq Awanက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပနားမားစီးတီး၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ပနားမားနိုင်ငံ ပနားမားမြို့အနီး အကျဉ်းထောင်တစ်ခုတွင် ဒီဇင်ဘာ ၁၇ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြားသူ ၁၃ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ အနက် ယခု ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် အထိ အနည်းငယ်သာ ထိခိုက်ပျက်စီးသော ဘုရားပုထိုး ၂၂၄ ဆူနှင့် ရှေးမူမပျက်ထိန်းသိမ်းပြီးဖြစ်သော ၁၃၈ ဆူ စုစုပေါင်း ၃၆၂...
ဆန်းရ ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်(CMC) ဉက္ကဋ္ဌလည်းဖြစ်သူ သမ္မတရှီကျင့်ဖိန်သည် ဒီဇင်ဘာ ၁၇ ရက်မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ဆန်းတုန်း(Shandong) လေယာဉ်တင်သင်္ဘော တပ်တော်ဝင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှီးအန်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည့် ဆမ်ဆောင်းကုမ္ပဏီ၏ ချိ(ပ်) (chip) စက်ရုံ ဒုတိယအဆင့်က ၂၀၂၀ ပြည့်နှစ်တွင် ထုတ်လုပ်မှု အမြောက်အမြား စတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Samsung China Semiconductor ကုမ္ပဏီ...
နေပြည်တော်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံတော် အဆင့် ဧည့်သည်တော်များ ပြည်တွင်းခရီးစဉ်များတွင် အသုံးပြုရန် ၂၀၁၉ ခုနှစ်တွင် ၀ယ်ယူမည့် ကျည်ကာ မော်တော်ယာဉ်ခြောက်စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်ခွန်များ ကင်းလွတ်ခွင့်ပေးရေးကို ပြည်ထောင်စု လွှတ်တော် ယနေ ့ အစည်းအေ၀းက အတည်ပြုခဲ့သည်။