Connect with us

Latin America

ပနားမားမြို့အနီး အကျဉ်းထောင်အတွင်း ပစ်ခတ်မှုကြောင့် လူ ၁၂ ဦး သေဆုံး

ပနားမားနိုင်ငံရှိ Joyita အကျဉ်းထောင်တစ်နေရာအား တွေ့ရစဉ (ဓာတ်ပုံ-အင်တာနက်)

ပနားမားစီးတီး၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ပနားမားနိုင်ငံ ပနားမားမြို့အနီး အကျဉ်းထောင်တစ်ခုတွင် ဒီဇင်ဘာ ၁၇ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြားသူ ၁၃ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မြို့တော် ပနားမား အရှေ့ဘက် ၂၅ ကီလိုမီတာအကွာရှိ La Joyita အကျဉ်းထောင်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပြီးနောက် ပစ္စတိုသေနတ် ငါးလက်နှင့် ပြောင်းရှည်ရိုင်ဖယ်သေနတ်သုံးလက် အပါအဝင် လက်နက်များစွာ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ 

အဆိုပါ ပစ်ခတ်မှုမှာ အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကျဉ်းထောင်အတွင်း ဂိုဏ်းအဖွဲ့များအကြား ယှဉ်ပြိုင်ခြင်းများကြောင့် ဆူပူမှုဖြစ်ပွားခဲ့ရာမှ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပနားမားနိုင်ငံ၏ ဒုတိယရဲချုပ် အဲလက်စီ မူနော့ဇ် (Alexis Munoz) က ပြောခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.