Connect with us

Asia

ရပ်ဝန်းနှင့်ပိုးလမ်းမတည်ဆောက်ခြင်းတွင် မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ပါကစ္စတန် တိုက်တွန်း 

ပါကစ္စတန်နိုင်ငံ ကွာဒါ ဆိပ်ကမ်း (Gwadar Port)အား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊  ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ပါကစ္စတန် သတင်းမီဒီယာများက အခြား ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်သည့်နိုင်ငံများ၏ မီဒီယာများနှင့်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအပါအဝင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတည်ဆောက်မှုကို အပြည့်အဝပံ့ပိုးဆောင်ရွက်ပေးစေလိုကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်  သတင်းနှင့်ထုတ်လွှင့်မှုဆိုင်ရာ အထူးအကြံပေးပုဂိ္ဂုလ်Firdous Ashiq Awanက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ပါကစ္စတန်ပညာရှင်များအဖွဲ့ ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာသုတေသနစင်တာသည် ဒီဇင်ဘာ ၁၇ ရက်က အစ္စလာမ်မာဘတ်တွင် ရပ်ဝန်းနှင့်ပိုးလမ်းမ အတူပါဝင်တည်ဆောက်သည့်နိုင်ငံများ မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနိုင်ငံတကာဖိုရမ် ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်တွင် Firdous Ashiq Awanက အမှာစကားပြောကြားရာတွင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းသည် သက်ဆိုင်ရာနိုင်ငံများအတွက် ဖွံ့ဖြိုးစည်ပင်မှုကို ဆောင်ကြဉ်းပေးလျက်ရှိသော်လည်း သတင်းမီဒီယာအချို့က ရည်ရွယ်ချက်ရှိရှိ အနုတ်လက္ခဏာဆောင်သည့် သတင်းများကိုဖြန့်ဝေ၍ ဆူဆူညံညံများဖန်တီးကာ စီမံကိန်းတည်ဆောက်မှုကို အနှောက်အယှက်ပေးရန် ကြိုးပမ်းလျက်ရှိရာ ပါကစ္စတန်နိုင်ငံ သတင်းမီဒီယာများက အခြား ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်သည့်နိုင်ငံများ၏ မီဒီယာများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-ပါကစ္စတန် စီပွားရေးစင်္ကြံအပါအဝင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများ တည်ဆောက်မှုကို အပြည့်အဝပံ့ပိုးဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံ သံမှူး ဖန်ချွန်းရွှယ်ကလည်း တရုတ်နိုင်ငံသည် ပိုမိုများပြားသည့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို ဖော်ဆောင်ကာ  ပါဝင်ကြသောမိတ်ဖက်အသီးသီး နှင့်အတူဖွံဖြိုးတိုးတက်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ၊  ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းသည် ပါကစ္စတန်အစရှိသော နိုင်ငံများ၏ စွမ်းအင်၊ အခြေခံအဆောက်အဦ၊ အလုပ်အကိုင် စသည့် ကဏ္ဍများတွင် လက်တွေ့ကျသည့်အကျိုးရလဒ်များကို သယ်ဆောင်ပေးလျက်ရှိကြောင်း၊ စီမံကိန်းများအတူလက်တွဲတည်ဆောက်ရာ၌ သတင်းမီဒီယာသည် အပြုသဘောဆောင်သည့် ကဏ္ဍမှ ပါဝင်ကြောင်း ၊  အနာဂတ် ရပ်ဝန်းနှင့်ပိုးလမ်းမ နိုင်ငံများ  အပြန်အလှန်သိရှိနားလည်မှုကို ထဲထဲဝင်ဝင်တည်ဆောက်မှု နှင့် စီမံကိန်းပူးပေါင်းဆောင်ရွက်များ ကို တွန်းအားပေးဆောင်ရွက်ရာတွင် စွမ်းဆောင်ချက်များစွာရှိပါကြောင်း ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ နိုင်ငံများ ၏ သက်ဆိုင်ရာ သတင်းမီဒီယာများကလည်း လက်ရှိ ပူးပေါင်းဆောင်ရွက်ရာတွင် လိုအပ်ချက်အခက်အခဲများကို ကျော်လွှားကာ အနောက်တိုင်းမီဒီယာ၊သတင်းမီဒီယာကြောင့် ဖြစ်ပေါ်လာမည့်စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်၊ ပါကစ္စတန်၊ ဘီလာရုဇ်၊ တာဂျစ်ကစ္စတန် အစရှိသည့် နိုင်ငံများ၏ ဖိုရမ်တက်ရောက်ဆွေးနွေးသူများကလည်း ရပ်ဝန်းနှင့်ပိုးလမ်းမ တည်ဆောက်မှုကို တွန်းအားပေးရာတွင် သတင်းမီဒီယာကဏ္ဍက အရေးပါကြောင်း၊   ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံများ၏လူမှုယဉ်ကျေးမှု ဖလှယ်ရေးကို တိုးမြှင့်ရာနှင့် စီမံကိန်းများမှရရှိသော ရလဒ်များကို အများပိုမိုနားလည်သိရှိအောင် ဆောင်ရွက်ရာတွင်လည်း မီဒီယာမှတစ်ဆင့်ထုတ်လွှင့်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.