ပေကျင်း ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီ အစည်း အဝေးအား ယနေ့ အောက်တိုဘာ ၂၈ ရက်တွင် မြို့တော် ပေကျင်း၌ စတင် ကျင်းပခဲ့ကြောင်း သိရသည်။
ဘိုဂိုတာ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ကိုလံဘီယာသမ္မတစီးနင်းသော လေတပ်ဖွဲ့အုပ်စုတွင် ပါဝင်သည့်ရဟတ်ယာဉ်တစ်စီး ကိုလံဘီယာနိုင် ငံအလယ်ပိုင်းကျေးလက်ဒေသတစ်ခုတွင်ပျက်ကျခဲ့ရာလိုက်ပါလာသူခြောက်ဦးလုံးသေဆုံးခဲ့ရကြောင်း ကိုလံဘီယာလေတပ် က အောက်တိုဘာလ ၂၇ ရက်ကပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) နိုဝင်ဘာ ၁ ရက်တွင် ကျင်းပမည့် ၉ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ အတွက် ထီ လက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း ၃၀၂၇၂ ဒသမ ၆၆၀ ဖြစ်သဖြင့် ၆၀...
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသူများအနက် ၁၄ ဦး ကယ်တင်ထားနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။AA လက်နက်ကိုင်အဖွဲ့ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများအား အမြန်ဆုံး ကယ်တင်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တပ်မတော်...
ရန်ကုန်၊အောက်တိုဘာ ၂၇ရက်(ဆင်ဟွာ) ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတောင်ပိုင်း တရုတ်ဘာသာစကား ပြဇာတ်ပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်က ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပရာ အရှေ့တိုင်းဘာသာစကားနှင့်စီပွားရေးစင်တာ (ELBC) ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း ၊Fu Xing ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း၊ ကျန့်ရို(CLBC)တရုတ်စာသင်ကျောင်း၊ MIEC စာသင်ကျောင်း၊ Yangon Noble Language Centerမှ ကျောင်းသားကျောင်းသူ ...
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးနှင့် အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦးအား အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက...
ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) တရုတ်လေကြောင်းလိုင်းတစ်ခု ဖြစ်သော Ruili လေကြောင်းလိုင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်ရှိ တက်ဟုန်သို့ လေကြောင်း ခရီးစဉ်အား ယနေ့ အောက်တိုဘာ ၂၇ ရက်တွင် စတင် ပျံသန်း ပြေးဆွဲ ခဲ့ကြောင်း သိရသည်။လေကြောင်းလိုင်း...
ဘဂ္ဂဒက်၊အောက်တိုဘာ ၂၇ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်နှင့် အရှေ့တောင်ပိုင်း ဒေသ မြို့များတွင် အောက်တိုဘာ ၂၆ ရက်က ဆန္ဒပြလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ ဆန္ဒပြမှုများကြောင့် သေဆုံးသူ ၆၃ ဦးအထိ တိုးမြင့်လာပြီး ဒဏ်ရာသူ ၂၅၉၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
မကာအို၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊အောက်တိုဘာလ ၂၃ ရက်တွင်စတင်ဖွင့်လှစ်ခဲ့သောပင်လယ်ပြင်ကိုဖြတ်၍တည်ဆောက် ထားသည့် ကမ္ဘ္ဘာအရှည်ဆုံး တံတားနှင့် ဥမင်ဖြစ်သည့် ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား ပေါ် တစ်နှစ်ကြာမြင့်သည့်အချိန်ကာလ အတွင်း ခရီးသည် ၁၄ သန်းနှင့်မော်တော်ယာဉ်စင်းရေ ၁ ဒသမ ၅ သန်း ခန့်ဖြတ်သန်းသွားလာခဲ့ကြောင်းသိရသည်။
ဂါဇာ ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ နှင့် ဂါဇာကမ်းမြောင်ဒေသ အရှေ့ပိုင်း အကြားတွင် တည်ရှိသော အစ္စရေးနယ်ခြားစောင့်တပ်စခန်းမှ ရဲဘော်များ နှင့် ပါလက်စတိုင်းဆန္ဒပြသူများ၏ ပဋိပက္ခအတွင်း ဆန္ဒပြသူအနည်းဆုံး ၇၇ ဉီးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူတစ်ဉီးက ဆိုသည်။