Connect with us

Culture & Entertainment

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား ပေါ် မှတစ်နှစ်အတွင်းခရီးသွား ၁၄ သန်း ဖြတ်သန်းသွားလာ (ဆင်ဟွာ)

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားပေါ်သို့တက်ရောက်နေသောကားတစ်စီး အားတွေ့ရစဉ်(ဆင်ဟွာ)

မကာအို၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ်၊အောက်တိုဘာလ ၂၃ ရက်တွင်စတင်ဖွင့်လှစ်ခဲ့သောပင်လယ်ပြင်ကိုဖြတ်၍တည်ဆောက် ထားသည့် ကမ္ဘ္ဘာအရှည်ဆုံး တံတားနှင့် ဥမင်ဖြစ်သည့် ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား ပေါ် တစ်နှစ်ကြာမြင့်သည့်အချိန်ကာလ အတွင်း ခရီးသည် ၁၄ သန်းနှင့်မော်တော်ယာဉ်စင်းရေ ၁ ဒသမ ၅ သန်း ခန့်ဖြတ်သန်းသွားလာခဲ့ကြောင်းသိရသည်။

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား အားဝေဟင်မှ တွေ့မြင်ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား အားဝေဟင်မှ တွေ့မြင်ရစဉ်(ဆင်ဟွာ

ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊Lantau ကျွန်းပေါ်ရှိ ဗုဒ္ဓဘုရားတစ် ဆူကို ဖူးမြော်ရစဉ်(ဆင်ဟွာ)

 

မကာအိုမြို့မြင်ကွင်းနှင့် မကာအိုသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွား များကိုတွေ့ရစဉ်(ဆင်ဟွာ)

 

မကာအိုမြို့မြင်ကွင်းနှင့် မကာအိုသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွား များကိုတွေ့ရစဉ်(ဆင်ဟွာ)

စုစုပေါင်း ၅၅ ကီလိုမီတာရှည်သော ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား ကတရုတ်ပြည်သူ့သမ္မ တ နိုင်ငံပိုင် ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ၏မြို့တော် ကျူးဟိုင် နှင့် မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတို့အားဆက် သွယ် ပေးထားပြီး ခရီးသွားများအဖို့ အဆိုပါသုံးနေရာအား တစ်နေ့တည်း၌ပင်  သွားလာလည်ပတ်ရန် အဆင်ပြေချောမွေ့စေသည်။အဆိုပါတံတားက အဆိုပါဒေသ သုံးခုရှိ ပြည်သူများအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးဖလှယ်မှုများ ပြုလုပ်ရန် လွယ်ကူချောမွေ့စေပြီး ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော်ဒေသ၏ စံပြစီမံ ကိန်းတစ်ရပ်လည်းဖြစ်ပေသည်။(Xinhua)