Connect with us

Social

၉ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ထီဆုငွေ ကျပ်သန်း ၁၈၁၆၃ ဒသမ ၅၉၆ ခွဲဝေ ချီးမြှင့်မည်

ထီအရောင်းဆိုင်တွင် ထီထိုးနေကြသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

နိုဝင်ဘာ ၁ ရက်တွင် ကျင်းပမည့် ၉ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ အတွက် ထီ လက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း ၃၀၂၇၂ ဒသမ ၆၆၀ ဖြစ်သဖြင့် ၆၀ ရာခိုင်နှုန်း ဖြစ်သော ထီဆုငွေ ကျပ်သန်း ၁၈၁၆၃ ဒသမ ၅၉၆ ခွဲဝေ ချီးမြှင့်မည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲထံမှ သိရသည်။

အဆိုပါ ခွဲဝေ ချီးမြှင့်ပေးမည့် ထီဆုငွေများမှ အထူးဆုကြီး စနစ် ၊ ဆုတစ်ဆုချင်း စနစ် နှင့် ဝေဝေဆာဆာ ပဒေသာဆုမဲ စနစ်တို့ဖြင့် ဆုမဲများ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ထို့ပြင် သတ်မှတ်ကာလ အတွင်း လာရောက် ထုတ်ယူခြင်း မရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်း ရငွေမှ ကျပ်သန်း ၂၅၀ အား တစ်ဆုချင်း ဆုမဲ ကျပ် ၁၀ သိန်း ၄ ဆု နှင့် ဝေဝေဆာဆာ ဆုမဲများ ဖြစ်သည့် ကျပ် ၃ သိန်း (၂၀)ဆု ၊ ကျပ် ၂ သိန်း (၂၀၀)ဆု ၊ ကျပ် ၁ သိန်း (၂၀၀၀)ဆု စုစုပေါင်း (၂၂၂၄) ဆုကိုလည်း ထပ်မံ ချီးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။၉ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲအား ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ ၊ ထီဖွင့်ပွဲ ခန်းမ၌ နိုဝင်ဘာ ၁ ရက်တွင် ကျင်းပ သွားမည် ဖြစ်သည်။(Xinhua)