Connect with us

Social

တရုတ်လေကြောင်းလိုင်း Ruili မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် တရုတ်နိုင်ငံ တက်ဟုန်သို့ လေကြောင်း ခရီးစဉ် စတင် ပြေးဆွဲ ပျံသန်း 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသည့် Ruili လေကြောင်းလိုင်းမှ လေယာဉ်အား တွေ့ရစဉ်(ဓာတ်ပုံ - Yangon Aerodrome)

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

တရုတ်လေကြောင်းလိုင်းတစ်ခု ဖြစ်သော Ruili လေကြောင်းလိုင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်ရှိ တက်ဟုန်သို့ လေကြောင်း ခရီးစဉ်အား ယနေ့ အောက်တိုဘာ ၂၇ ရက်တွင် စတင် ပျံသန်း ပြေးဆွဲ ခဲ့ကြောင်း သိရသည်။လေကြောင်းလိုင်း ပြေးဆွဲမှုအပေါ် Ruili Airlines Co.,Ltd ၏ Maintenance ဌာနမှ ဒုတိယ ဉက္ကဋ္ဌ ဖြစ်သူ Mr.Chen Hai က တရုတ်-မြန်မာနှစ်နိုင်ငံသည် ကုန်သွယ်စီးပွားအပါအ၀င် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများပြားလာသည့် အလျောက် လိုအပ်ချက်များအရ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ၊ ယခုဖွင့်လှစ်သည့် လေကြောင်းလိုင်းက နှစ်နိုင်ငံ ဖလှယ်ရေး ကဏ္ဍများတွင် အများကြီးအထောက်အပံ့ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Ruili လေကြောင်းလိုင်းသည် ယင်းခရီးစဉ်သစ်ကို ခရီးသည် ၁၄၄ ဉီးအား သယ်ယူဝန်ဆောင်မှု ပေးနိုင်သည့် Boeing 737 အမျိုးအစား လေယာဉ် အသုံးပြု၍ တစ်ပတ်လျှင် လေးကြိမ် ၊ အပတ်စဉ် တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာ နှင့် တနင်္ဂနွေ နေ့တိုင်း ပျံသန်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ယခု ခရီးစဉ်သည် Ruili လေကြောင်းလိုင်းမှ ယခုနှစ် ဇန်နဝါရီလတွင် စတင် ပျံသန်း ပြေးဆွဲခဲ့သော မန္တလေး – မန်စီ ခရီးစဉ် ပြီးနောက် မြန်မာနိုင်ငံသို့ ပျံသန်း ပြေးဆွဲသော ဒုတိယမြောက် ခရီးစဉ် ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Ruili လေကြောင်းလိုင်းမှ တာဝန်ရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Ruili လေကြောင်းလိုင်းမှ တာဝန်ရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ) 

 

 Ruili လေကြောင်းလိုင်းသည် Kunming Changshui အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အခြေစိုက် ပျံသန်းသော တရုတ် လေကြောင်းလိုင်း တစ်ခု ဖြစ်ပြီး အဆိုပါ လေကြောင်းလိုင်းသည် တရုတ် နိုင်ငံတွင်း နှင့် အရှေ့တောင် အာရှ ဒေသတွင်း ပြည်တွင်း ၊ ပြည်ပ ခရီးစဉ်များကို ချိတ်ဆက် ပျံသန်း ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်ပသို့ ထွက်ခွာမည့် ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ယခု ထပ်မံ တိုးချဲ့ ပျံသန်းလိုက်သော လေကြောင်း ခရီးစဉ်သစ် အပါအဝင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း ၃၆ လိုင်းမှ အပြည်ပြည် ဆိုင်ရာ ခရီးစဉ် ၃၄ ခုသို့ ချိတ်ဆက် ပျံသန်းပေးနေပြီ ဖြစ်ပြီး ၂၀၁၈ ခုနှစ် အတွင်း ခရီးသည် စုစုပေါင်း ၆ ဒသမ ၀၃၅ သန်းကို လက်ခံ ဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရသည်။(Xinhua)