Connect with us

Politics, Law & Military

ရသေ့တောင်မြို့နယ်၌ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အကျဉ်းဦးစီးဝန်ထမ်းနှင့် အရပ်သား ၅၈ ဦးအား AA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး

တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အကျဉ်းဦးစီးဝန်ထမ်းများ လိုက်ပါစီးနင်းခဲ့သောရွှေနဒီ အမြန် ရေယာဉ်အား တွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးနှင့် အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦးအား အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက AA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စစ်တွေမြို့မှ ထွက်ခွာလာသည့် ရွှေနဒီ အမြန်ရေယာဉ်သည် အောက်တိုဘာ ၂၆ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့် တွင် ရသေ့တောင်မြို့နယ် ကျောက်တန်းချောင်းဝနှင့် ပြိန်းတောင် ကျေးရွာကြားရေမျက်ကျေးရွာဖောင်ဆိပ်အရောက်၌ AA အဖွဲ့မှ အင်အား ၃၀ ခန့်က ကမ်းစပ်မှ သေနတ်ပစ်ခတ်တားဆီး၍ ကမ်းစပ်သို့ ခေါ်ဆောင် ရပ်တန့်စေခဲ့ကြောင်း သိရသည်။

ယင်းရေယာဉ်ပေါ်တွင် ခရီးသည် ၁၆၅ ဦးနှင့် တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးတို့ ပါဝင်ပြီး ယင်းတို့ အနက် ၅၈ ဦးအား ခေါ်ဆောင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ရွှေနဒီအမြန် ရေယာဉ်သည် နံနက် ၁၁ နာရီတွင် ဘူးသီးတောင်မြို့သို့ ဆက်လက် ထွက်ခွာလာနိုင်ခဲ့ကြောင်း ကနဦး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117