Connect with us

Culture

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတောင်ပိုင်း တရုတ်ဘာသာစကား ပြဇာတ်ပြိုင်ပွဲ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပ

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတောင်ပိုင်း တရုတ်ဘာသာစကား ပြဇာတ်ပြိုင်ပွဲစုပေါင်း အမှတ်တရ ဓါတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ရန်ကုန်၊အောက်တိုဘာ ၂၇ရက်(ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတောင်ပိုင်း တရုတ်ဘာသာစကား ပြဇာတ်ပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်က ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပရာ အရှေ့တိုင်းဘာသာစကားနှင့်စီပွားရေးစင်တာ (ELBC) ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း ၊Fu Xing ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း၊ ကျန့်ရို(CLBC)တရုတ်စာသင်ကျောင်း၊ MIEC စာသင်ကျောင်း၊ Yangon Noble Language Centerမှ ကျောင်းသားကျောင်းသူ  ၃၀ ကျော် သည် အဖွဲ့ငါးဖွဲ့ခွဲပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အရှေ့တိုင်းဘာသာစကားနှင့်စီးပွားရေးစင်တာ (ELBC) ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း မှ ကျောင်းအုပ်ဆရာကြီး စီရင်ပေါင်(Shi Yinbao)က ပြဇာတ်အနုပညာနှင့်ဘာသာစကားသင်ယူမှုပေါင်းစပ်ကာကျင်းပသည့် ယခုပြိုင်ပွဲက တရုတ်ဘာသာစကားသင်ယူနေသော ဆရာဆရာမနှင့်ကျောင်းသူကျောင်းသားများအတွက် ပျော်ရွှင်ဖွယ်စိတ်ဝင်စားဖွယ် ဖြစ်မည်ယုံကြည်ကြောင်း  ဆိုသည်။ 

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတောင်ပိုင်း တရုတ်ဘာသာစကား ပြဇာတ်ပြိုင်ပွဲ ကျင်းပနေသည့် မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပြိုင်ပွဲဝင်ကျောင်းသားတစ်ဦးဖြစ်သည့်  မောင်ပြည့်ဖြိုးဦးက  “ပြိုင်ပွဲဆိုတော့ အစက နည်းနည်စိတ်လှုပ်ရှားတယ်၊အခုကတော့ ပျော်ရွှင်စရာပါပဲ။ တရုတ်စာကို ပိုပြီး စိတ်ဝင်စားလာတယ်၊ ပြိုင်ပွဲက တရုတ်စာအရည်အချင်းကိုလည်း တိုးမြှင့်ပေးနိုင်တယ်လေ”ဟု ဆိုသည်။ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် တရုတ်ဘာသာစကား သင်ကြားနေသည့် ဆရာမ ခန်းရို(Kang Yong)က “ပထမအကြိမ်ကျင်းပသည့် ပြိုင်ပွဲနဲ့ယှဉ်ရင် အခုက ပါဝင်ယှဉ်ပြို်ငတဲ့ကျောင်းနဲ့ကျောင်းသားအရေအတွက်က ပိုများလာတယ်။ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူလေးတွေကလည်း ကလေးလူငယ်ပိုင်းတွေချည်းပဲ။ပြဇတ်နှစ်သက်သူ၊တရုတ်ဘာသာစကားသင်ယူတာကို နှစ်သက်တဲ့သူ လူငယ်ပိုင်းတွေ များလာတယ်”ဟု ဆိုပါသည်။ 

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတောင်ပိုင်း တရုတ်ဘာသာစကား ပြဇာတ်ပြိုင်ပွဲ ကျင်းပနေသည့် မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတောင်ပိုင်း တရုတ်ဘာသာစကား ပြဇာတ်ပြိုင်ပွဲ ကျင်းပနေသည့် မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါပြိုင်ပွဲ တရုတ်နိုင်ငံ ကွန်ဖြူးရှပ်အင်စတီကျု ရုံးချုပ်(Han Ban)နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူးကျင်းပပြီး အရှေ့တိုင်းဘာသာစကားနှင့်စီပွားရေးစင်တာ (ELBC) ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်းနှင့် ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာမှ တာဝန်ယူ ကျင်းပခြင်းဖြစ်သည်။ပထမအကြိမ် တရုတ်ဘာသာစကား ပြဇာတ်ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က ရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117