ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာနက အထက်တန်းကျောင်းအုပ်ဆရာကြီး ချိန်လိချွင်အား “ခေတ်ကာလ၏ စံပြပုဂ္ဂိုလ်” အဖြစ် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ရာဘတ်၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် လူ ဒါဇင်နှင့်ချီတင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် ရေစီးချောင်းထဲမျောပါမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မော်ရိုကိုအစိုးရ သတင်းမီဒီယာ၏ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရသိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ကမ်းလွန်၌ ဖြစ်ပွားခဲ့သော ကုန်တင်သင်္ဘောတစ်စင်းတိမ်းမှောက်မှုတွင် ပိတ်မိနေသူ သင်္ဘောသား ၄ ဦးစလုံးကို အသက်ရှင်လျက် ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့(USCG) က စက်တင်ဘာ ၉ ရက်တွင် အတည်ပြုခဲ့သည်။
ထရီပိုလီ ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော် တောင်ပိုင်းတွင် ပြီးခဲ့သော သုံးရက်အတွင်း ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားသော အစိုးရတပ်ဖွဲ့ဝင် ၂ဝဝ ကျော် သေဆုံးခဲ့ကြောင်း လစ်ဗျားအရှေ့ပိုင်းအခြေစိုက် သူပုန်တပ်ဖွဲ့က ယနေ့( စက်တင်ဘာ ၁ဝ ရက်) အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဒိုဟာ ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အိုမန်နိုင်ငံလေတပ်သည် အိုမန်ကြည်းတပ် နှင့် ရေတပ်တို့၏ ပံ့ပိုးမှုဖြင့် Magic Carpet ဟုအမည်ပေးထား သော အမေရိကန် ၊ ဗြိတိန် လေတပ်တို့နှင့်အတူ သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ခုကို ပြုလုပ်လျက်ရှိ ကြောင်း အိုမန် စစ်ဖက်က စက်တင်ဘာ ၈...
ကျောက်ဖြူ ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ က ကူညီထောက်ပံ့ပေးသည့် “ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” ဖွင့်ပွဲ အခမ်းအနား ကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ကျောက်ဖြူမြို့ ၌ ကျင်းပ...
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ရွှေကျင်မြစ်ရေ စိုးရိမ်ရေမှတ် သို့ကျော်လွန်လျက်ရှိနေသည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ပါရီ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ယခုနှစ်နွေရာသီအပူချိန်ပြင်းထန်မှုကြောင့် ပြင်သစ်တစ်နိုင်ငံလုံး၌ သေဆုံးသူ ၁,၅၀၀ ခန့် ရှိကြောင်း ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဘဂ္ဂဒက်၊စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံမြောက်ပိုင်း Nineveh ပြည်နယ်၌ စက်တင်ဘာ ၈ ရက်တွင် အမေရိကန်ဦးဆောင်သောတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း (IS) အိုင်အက်စ်အစွန်းရောက် အစ္စလာမ်မစ်တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း အီရတ်စစ်တပ်၏ ထုတ်ပြန်ချက် အရသိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ဂျော်ဂျီယာ ပြည်နယ်၏ ကမ်းလွန်၌ ကုန်တင် သင်္ဘော တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ ပြီးနောက် ပျောက်ဆုံးနေသည့် လူလေးဦးအား ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့က စက်တင်ဘာ ၈...