Connect with us

Social, Education & Health

တရုတ် နှင့် အာဆီယံ တက္ကသိုလ်များ ဆေးဘက်ဆိုင်ရာ နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ မြှင့်တင်ရန် ပူးပေါင်း

တရုတ် နိုင်ငံ ပေကျင်းမြို့ရှိ ပီကင်း တက္ကသိုလ်အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်-အာဆီယံ ဆေးဘက်ဆိုင်ရာ နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမို တိုးမြှင့် လာစေရေး ကူညီသွားရန် တရုတ် နိုင်ငံ ပေကျင်းမြို့၌ တရုတ်-အာဆီယံ တက္ကသိုလ် ဆေးပညာနှင့် ကျန်းမာရေး ဆိုင်ရာ ပူးပေါင်း အဖွဲ့အား အာဆီယံ-တရုတ် စင်တာ၏ ထောက်ပံ့မှုဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်း အဖွဲ့အား ပီကင်း တက္ကသိုလ် ကျန်းမာရေး သိပ္ပံ စင်တာ၏ ဦးဆောင်မှုဖြင့် ပီကင်း ယူနီယံ ဆေးဘက်ဆိုင်ရာ ကောလိပ် ၊ ထိုင်းနိုင်ငံရှိ Mahidol တက္ကသိုလ် နှင့် စင်္ကာပူနိုင်ငံ အမျိုးသား တက္ကသိုလ်ရှိ Yong Loo Lin ဆေးကျောင်းတို့ အပါအဝင် တရုတ် နိုင်ငံ နှင့် အာဆီယံ နိုင်ငံများရှိ တက္ကသိုလ် နှင့် ဆေးပညာကျောင်း ၄၂ ကျောင်းမှ အဖွဲ့ဝင် အဖြစ် ပါဝင်ကြကြောင်း သိရသည်။

ယင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ ဒေသ နှင့် ကမ္ဘာလုံး ဆိုင်ရာ ဆေးပညာသိပ္ပံ နှင့် ပြည်သူ့ ကျန်းမာရေးအား နက်ရှိုင်းစွာ ဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့မှ တစ်ဆင့် မြှင့်တင် သွားရန် တို့ဖြစ်ကြောင်း အဖွဲ့စတင် တည်ထောင်သည့်နေ့တွင် ထုတ်ပြန်သော ပူးတွဲ ကြေညာချက် အရ သိရသည်။ 

Mahidol တက္ကသိုလ်၏ ဉက္ကဋ္ဌ ဖြစ်သူ Banchong Mahaisavariya က တရုတ်-အာဆီယံ တက္ကသိုလ် ဆေးပညာ နှင့် ကျန်းမာရေး ဆိုင်ရာ ပူးပေါင်း အဖွဲ့မှာ တရုတ် နှင့် အာဆီယံ အဖွဲ့ဝင်များမှ ဆေးဘက် ဆိုင်ရာ ပညာရေး နှင့် လေ့ကျင့်မှုတို့ တိုးတက်စေရေး အတွက် တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် သင်ယူရန် လမ်းကြောင်းတစ်ခု အဖြစ် လုပ်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပီကင်း တက္ကသိုလ် ကျန်းမာရေး သိပ္ပံ စင်တာ၏ ညွှန်ကြားရေးမှူး Zhan Qimin က “ဒါက အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အတွက် တန်ဖိုးရှိတဲ့ လမ်းကြောင်း ဖြစ်မယ်လို့ ယုံကြည် ပါတယ်။”ဟု ပြောကြားခဲ့သည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117