Connect with us

Science & Technology

ကမ္ဘာလုံး ဆိုင်ရာ စွမ်းအင် အပြန်အလှန် ဆက်သွယ်မှု အပေါ် ညီလာခံအား တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပ မည်

ပေကျင်းမြို့၌ ၂၀၁၈ ခုနှစ် အတွင်း အာဖရိက စွမ်းအင် အပြန်အလှန် ဆက်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေး ဖိုရမ်အား ကျင်းပစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် ကမ္ဘာလုံး ဆိုင်ရာ စွမ်းအင် အပြန်အလှန် ဆက်သွယ်မှု နှင့် တရုတ် – အာဖရိက စွမ်းအင် နှင့် လျှပ်စစ် ဓာတ်အား ညီလာခံအား တရုတ် နိုင်ငံ ပေကျင်းမြို့၌ နိုဝင်ဘာလတွင် ကျင်းပသွားမည် ဖြစ်ပြီး စွမ်းအင် ကဏ္ဍတွင် ရေရှည် ဖွံ့ဖြိုး တိုးတက်မှု အတွက် ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မာစေရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံအား တရုတ် နိုင်ငံမှ အဆိုပြုထားသော ကမ္ဘာလုံး ဆိုင်ရာ စွမ်းအင် အပြန်အလှန် ဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(GEIDCO)က စီစဉ်ကျင်းပခြင်း ဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာ စွမ်းအင် အပြန်အလှန် ဆက်သွယ်မှုနှင့် အာဖရိကတွင် သန့်ရှင်းသော စွမ်းအင် ဖွံ့ဖြိုး တိုးတက်မှု တို့အပေါ် အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ညီလာခံတွင် နိုင်ငံပေါင်း ၆၀ ကျော်မှ အစိုးရ အဖွဲ့အစည်းများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ၊ စီးပွားရေး လုပ်ငန်းများ နှင့် ကောလိပ်များမှ ကိုယ်စားလှယ် ၆၀၀ ကျော် တက်ရောက်မည်ဟု မျှော်လင့်ကြောင်း GEIDCO ထံမှ သိရသည်။

အဆိုပါ ညီလာခံတွင် အာဖရိကရှိ စွမ်းအင် အပြန်အလှန် ဆက်သွယ်မှု အပေါ် ဆွေးနွေးပွဲများ အပြင် စီမံကိန်း ရင်းနှီး မြုပ်နှံမှုကို မြှင့်တင်ရန် ပစ္စည်းကိရိယာ ပြသမှုများကိုလည်း တွေ့မြင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ညီလာခံကို နိုဝင်ဘာ ၄ ရက်မှ ၇ ရက် အထိ ကျင်းပ သွားမည် ဖြစ်ပြီး အာဖရိကတွင် စွမ်းအင်ဆိုင်ရာ အပြန် အလှန် ဆက်သွယ်မှု မြှင့်တင်လာမှု အပေါ် သုတေသန အစီရင်ခံစာ နှစ်စောင် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း ၊ ယင်းနယ်ပယ်တွင် များစွာသော ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီချက်များကို လက်မှတ် ရေးထိုး သွားမည် ဖြစ်ကြောင်း သိရသည်။

GEIDCO သည် တရုတ်နိုင်ငံ၌ စွမ်းအင် ကဏ္ဍတွင် ဤကဲ့သို့သော အမျိုးအစား၌ ပထမဆုံး စတင်ခဲ့သည့် အဖွဲ့အစည်း ဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာ စွမ်းအင် အပြန်အလှန် ဆက်သွယ်မှု ထူထောင်ခြင်းနှင့် သန့်ရှင်းပြီး ပတ်ဝန်းကျင် ထိခိုက်မှု မရှိသော စွမ်းအင် အမျိုးမျိုးနှင့် အတူ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းခြင်းတို့ကို မြှင့်တင်ရန် ရည်ရွယ် ကြောင်း သိရသည်။

GEIDCO သည် ၂၀၁၆ ခုနှစ် မတ်လတွင် စတင် တည်ထောင်ပြီးကတည်းက ဒေသဆိုင်ရာ ရုံးများနှင့် ပူးတွဲ ရုံးများကို ကမ္ဘာအနှံ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။(Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.