ဝါရှင်တန်၊စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နှင့်ဘီလာရုဇ်နှစ်နိုင်ငံအကြား နှစ်နိုင်ငံသံအမတ်များကို ၁၀ နှစ်ကြာပြန်လည် ခေါ်ယူထားကြပြီးနောက်တွင် ပြန်လည် ခန့်အပ်မည်သွား ဖြစ်ကြောင်း အမေရိကန်နိုုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Hale ၏ စက်တင်ဘာ ၁၇ ရက်က အတည်ပြု ထုတ်ပြန်ချက်အရသိရသည်။
ကဘူးလ်၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Zabulပြည်နယ် Qalat မြို့တွင် စက်တင်ဘာ ၁၉ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးသေဆုံးပြီး ၆၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasrat Rahimi က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဘာလင် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဂျာမနီအစိုးရက စက်တင်ဘာ ၁၈ ရက် တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ လက်နက်ရောင်းချပိတ်ပင်မှုအား နောက် ထပ် ၆ လ တိုးချဲ့ပိတ်ပင်လိုက်ကြောင်း ၊ ဂျာမနီအစိုးရ သတင်းဌာနကဆိုသည်။
ဂျကာတာ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အရှေ့ဂျာဗားပြည်နယ်၌ ပြင်းအား ၆.၁ ရှိသော ငလျင်တစ်ခု စက်တင်ဘာလ ၁၉ ရက်တွင် လှုပ်ခတ်ခဲ့ကြောင်း၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။
မော်စကို၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ပူတင်သည် စက်တင်ဘာ ၁၈ ရက် ညနေက မော်စကိုမြို့ ကရင်မလင်နန်းတော် တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ နှစ်စဉ် သေနတ်ပစ်ခတ်မှုပဋိပက္ခများကြောင့် ကုန်ကျစရိတ်ငွေ အမေရိကန်ဒေါ်လာ ၂၂၉ဘီလီယံ ၊ တိုင်းပြည်စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး GDP ၏ ၁.၄ ရာခိုင်နှုန်းခန့်ရှိနေကြောင်း စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်အရ သိရသည်။
ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဓားစာခံရေးရာ အဆင့်မြင့်တာဝန်ရှိသူ ရောဘတ် အိုဘရီယန် (Robert O’Brien) အား အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည်ဟု စက်တင်ဘာလ ၁၈ ရက်က ကြေညာလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဆီးဂိမ်း(SEA Games) ပြိုင်ပွဲ ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင် ဘောလုံးကစားသမားများ ရွေးချယ် ရန်အတွက် သုံးပွင့်ဆိုင်လူရွေးပွဲ ကျင်းပရန် ပဏာမကစား သမားများအား သုံးသင်းခွဲ၍ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် မဲပေးကြမည့် လူငယ်များ (First Time Youth Voter) ငါးသန်းခန့်ရှိမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ရီယတ်ဒ် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မိုက်ပွန်ပီယို နှင့် ဆော်ဒီအာရေဗျနိုင်ငံအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်(Mohammed bin Salman) တို့သည် ဆော်ဒီနိုင်ငံ ဂျတ်ဒါး(Jeddah) ၌ စက်တင်ဘာ ၁၈ ရက်တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်တွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။