ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ဂန့်ဂေါမြို့နယ်ရှိ မြစ်သာရေလှောင်တမံမှာ သြဂုတ် ၆ ရက် ညနေ ၅ နာရီခွဲခန့်တွင်ကန်ရေပြည့်အမှတ်သိ့ုရောက်ရှိပြီး မြစ်သာမြစ်အတွင်းသို့ စတင်စီးဆင်းခဲ့ပြီး သြဂုတ် ၇ ရက် နံနက်တွင် ၁.၅ ပေအထိ ရေကျော်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
လော့အန်ဂျလိစ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ရှိ နေရာတစ်ချို့တွင် မိုးသီးကြီးများ ကျရောက်မှုကြောင့် လူ ၁၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိရစ္ဆာန်ရုံမှ တိရစ္ဆာန် ၂ကောင်သေဆုံးခဲ့ကြောင်း အမေရိကန်သတင်းဌာနက သြဂုတ် ၇ ရက်တွင် ဖော်ပြခဲ့သည်။
ဘိုဂိုတာ ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ကိုလံဘီယာ နိုင်ငံ သမ္မတ သစ် Ivan Duque က သြဂုတ်လ ၇ ရက် တွင် ဘိုဂိုတာ မြို့လယ်ရှိ Bolívar ရင်ပြင် ၌ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး...
ရန်ကုန် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့တွင် မိုးစပါးစိုက်ပျိုးသည့် ကျေးရွာပေါင်း ၂ဝ ခန့်ရှိရာ ရေကြီး နစ်မြုပ် နေသည့် မိုးစပါးစိုက်ပျိုးပြီး ကျေးရွာ လေးခုရှိ လယ် ၆၁၁ ဧကခန့်တွင် ရေကြီး နစ်မြုပ်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏...
ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ မင်္ဂလာဈေးသစ်ကြီးကို လာမည့် ၂၀၂၀ ပြည်နှစ် နှစ်ကုန်ပိုင်းတွင် အပြီး တည်ဆောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။
မွမ်ဘိုင်း၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ကမ်းခြေတစ်လျှောက်သဲသောင်များပေါ်တွင် ယခုရက်ပိုင်းအတွင်း အပြာရောင်ပုလင်းပုံသဏ္ဍာန် ဂျယ်လီငါးများစွာကို တွေ့ရှိခဲ့ကြပြီးနောက် လူ ၁၅၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
လီမာ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ တောင်အလယ်ပိုင်းဒေသရှိ Ayacucho ပြည်နယ်တွင် သြဂုတ် ၆ ရက် ညပိုင်းက အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ သေဆုံးသူ ၁၀ ဦး ရှိပြီဖြစ်ကြောင်း ပီရူး ပြည်သူ့ ကာကွယ်ရေးဦးစီးဌာန က သြဂုတ် ၇...
ရန်ကုန် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၅၁)နှစ်မြောက် အာဆီယံနေ့သဝဏ်လွှာ ပေးပို့ရာတွင် ဒေသတွင်း နှင့် နိုင်ငံ တကာ၏ တည်ငြိမ် အေးချမ်းမှု နှင့် သာယာဝပြောမှုကို အထောက်အကူ ဖြစ်စေမည့် လူမှု စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှင့် အာဆီယံ...
ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက် ၊ ဘုရင့်နောင်လမ်းနှင့် ကျန်စစ်သားလမ်းကြား၊ ၅၄×၅၅ လမ်းကြား၊ အကွက်အမှတ် (ထထ-၁၃/၇၅) ရှိ ပြည်စိုးဟိန်း ကျူရှင်စာသင်ဆောင်တွင် ခြင်ဆေးခွေထွန်းရာမှ နေအိမ် ခုနှစ်လုံးအထိ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ထရီပိုလီ ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ တိုက်ဖျက်ရေးဌာနက လစ်ဗျားနိုင်ငံသားတရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ ၁၄၅ ဦးကို လစ်ဗျားနိုင်ငံမှ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သြဂုတ် ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။