Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တို့ ဂျပန် နိုင်ငံ တွင် တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် တို့ က ဇွန်လ ၂၈ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

အိုဆာကာ ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် တို့ က ဇွန်လ ၂၈ ရက် ၌ ဂျပန် နိုင်ငံ အိုဆာကာ မြို့ တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် တို့ က ဇွန်လ ၂၈ ရက် ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ်(ဆင်ဟွာ)

တွေ့ဆုံ ဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို ထောက်ခံအားပေး ခဲ့ပြီး နိုင်ငံတကာ ကိစ္စရပ်များ တွင် ကုလသမဂ္ဂ ၏ ထိရောက်မှုများ အပေါ် ထောက်ခံအားပေးကြောင်း ၊ မိမိ တို့ အနေဖြင့် ကုလသမဂ္ဂ အဖွဲ့ချုပ် အောက်တွင် နိုင်ငံအသီးသီး ပိုမိုစည်းလုံးညီညွတ်စွာ တိုးတက်ရန် တွန်းအားပေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လက်တွေ့ဆောင်ရွက်မှု များဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ ဆောင်ရွက်မှုများကို ထောက်ခံအားပေး သွားမည် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ပင်လယ်ကွေ့ ဒေသ အခြေအနေ မှာ အလွန် ထိလွယ်ရှလွယ် သည့် အခြေအနေ သို့ ရောက်ရှိနေပြီး တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် ငြိမ်းချမ်းရေး ဘက်တွင် ရပ်တည်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်း ကို ဆန့်ကျင်ကြောင်း ၊ G20 အစည်းအဝေး တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကို ထည့်သွင်းစဉ်းစားပေးသွားရမည် ဖြစ်ပြီး နိုင်ငံ တကာ သို့ မှန်ကုန်သည့် အချက်အလက် ဖြန့်ဝေပေးသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် က လက်ရှိ နိုင်ငံတကာ အခြေအနေ မှာ အလွန်းအရေးပါသည့် အချိန်ကာလ သို့ ရောက်ရှိနေပြီး ကုန်သွယ်ရေး ကဏ္ဍ နှင့် ပင်လယ်ကွေ့ အခြေအနေ တို့ က တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း ၊ နိုင်ငံတကာ တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို တွန်းအားပေး ဆောင်ရွက်ရန် လိုအပ်လာခဲ့ပြီး ဥပဒေ စည်းစနစ် ကို မလိုက်နာလိုသည့် အခြေအနေ များလည်း ဖြစ်ပေါ်လာခဲ့ကြောင်း ၊ ကုလသမဂ္ဂ အနေဖြင့် တရုတ် နိုင်ငံ ၏ ထောက်ခံအားပေးမှုများ အပေါ် ချီးမွမ်းပြီး တရုတ် နိုင်ငံ ၏ ကိုရီးယား ကျွန်းဆွယ်အရေး အား နိုင်ငံရေး အရ ဖြေရှင်းမှု အပေါ် တွန်းအားပေး ဆောင်ရွက်မှု ၊ ရာသီဥတုပြောင်းလဲမှု နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု စသည့် ကဏ္ဍ များတွင် တွန်းအားပေး ဆောင်ရွက်မှုများ အပေါ် မြင့်မားစွာ အသိအမှတ် ပြုကြောင်း ၊ တရုတ် နိုင်ငံ အဆိုပြုခဲ့သည့် ရပ်ဝန် နှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ်ပိုးလမ်းမကြီး) က ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားပေးစေခဲ့ပြီး အထူးသဖြင့် အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလွန်အရေးပါသည့် အထောက်အပံ့ ဖြစ်စေခဲ့ကြောင်း ၊ ကုလသမဂ္ဂ အနေဖြင့် တရုတ် နိုင်ငံ မှ နိုင်ငံတကာ ကိစ္စရပ်များ တွင် ပိုမို ဦးဆောင်သွားစေလိုပြီး တရုတ် နိုင်ငံ အား ဘက်စုံ ထောက်ခံအားပေး ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.