Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ က ဂျပန် နိုင်ငံ တွင် ပြုလုပ်သည့် BRICS ထိပ်သီး အစည်းအဝေး အား တက်ရောက်

BRICS အဖွဲ့ဝင် နိုင်ငံ များ ၏ အလံများ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အိုဆာကာ ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

BRICS ထိပ်သီး အစည်းအဝေး အား ဇွန်လ ၂၈ ရက် ၌ ဂျပန် နိုင်ငံ အိုဆာကာ မြို့ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၊ ဘရာဇီး နိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) ၊ ရုရှား နိုင်ငံ သမ္မတ ပူတင် ၊ အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ နှင့် တောင်အာဖရိက နိုင်ငံ သမ္မတ ဆီရီးလ် ရိုမာဖိုဆာ (Cyril Ramaphosa) တို့ က တက်ရောက် ခဲ့ကြသည်။

အစည်းအဝေး တွင် BRICS အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင် တို့ က BRICS မိတ်ဖက် ဆက်ဆံရေး ၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု နှင့် နည်းပညာဆန်းသစ်တီထွင်မှု တွင် ပူးပေါင်းဆောင်ရွက်ရေး စသည့် ကိစ္စရပ်များ နှင့် ဆက်စပ်၍ နက်ရှိုင်းစွာ သဘောထားအမြင်များ ဖလှယ်ခဲ့ကြပြီး ကျယ်ပြန့်သည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေး တွင် တရုတ် နိုင်ငံ သမ္မတ က လက်ရှိ ကမ္ဘာ့စီးပွားရေး အနေဖြင့် တိုးတက်မှု ကို ထိန်းသိမ်းထားနိုင်သောလဲ မသေချာမှု နှင့် မတည်ငြိမ်မှုများကလည်း တိုးမြှင့်လာခဲ့ကြောင်း ၊ BRICS အနေဖြင့် မိမိ တို့၏ လုပ်ငန်းဆောင်ရွက်မှုများ ကို ခိုင်ခိုင်မာမာ ဆောင်ရွက်သွားပြီး ပြင်ပ စိန်ခေါ်မှု များအပေါ် ခံနိုင်မှု စွမ်းရည်ကို မြှင့်တင်သွားရမည် ဖြစ်ကြောင်း ၊ မိမိ တို့အနေဖြင့် စည်းလုံးညီညွတ်မှု ကို တိုးမြှင့်ပြီး အပြန်အလှန်လေးစားသော ၊ တန်းတူညီမျှ ပြီး မှန်ကန်သော ၊ အတူတကွ အကျိုးဖြစ်ထွန်းစေသော နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ် ကို တွန်အားပေး တည်ဆောက်သွားပြီး ကောင်းမွန်သည့် နိုင်ငံတကာ ပတ်ဝန်းကျင် ဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ က BRICS မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ကို တိုးမြှင့်သွားရမည် ဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု ကို ပြည့်စုံကောင်းမွန်အောင် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများ ကို ပိုမိုနက်ရှိုင်းအောင် လက်တွေ့ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ အပြန်အလှန်ထောက်ခံအားပေးမှု နှင့် ကူညီမှုများဖြင့် BRICS နိုင်ငံများ ၏ ပြည်သူလူထုများ ပိုမိုလှပသည့် လူနေမှုဘဝ ရရှိရန် အတွက် ဆက်လက်ဆောင်ရွက်သွားပြီး လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.