Connect with us

Europe

ဗီယင်နာမြို့ရှိ လူနေတိုက်ခန်းအတွင်း ဓါတ်ငွေ့ပေါက်ကွဲမှုဟု ယူဆရသည့် ပေါက်ကွဲမှုဖြစ်ပွား၊ လူတစ်ဦးသေဆုံး

ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားသည့် တိုက်ခန်းအားမြင်တွေ့ရစဉ် (အင်တာနက်)

ဗီယင်နာ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် လူနေတိုက်ခန်းတစ်ခုအတွင်း ဇွန်လ ၂၆ ရက်နေ့က ဓါတ်ငွေ့ပေါက်ကွဲမှု ဟု ယူဆရသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး အဆောက်အဦ အပျက်အစီးများ အောက်တွင် ရှိနေသော အခြားတစ်ဦးမှာလည်း အသက်ရှင်ဖွယ် လမ်းမရှိတော့ကြောင်းသိရသည်။

၎င်း ဓါတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အဆောက်အဦမှာ ဗီယင်နာမြို့လယ် ရှိ Wieden ခရိုင်တွင် တည်ရှိပြီး ဇွန်၂၆ ရက်မွန်းလွဲပိုင်းတွင် ပေါက်ကွဲမှု ကြောင့် ငါးလွှာတိုက်ခန်းများ၏ အထပ်အများအပြားပျက်ဆီးကာ ကပ်လျက်ရှိသည့် အဆောက်အဦတစ်လုံးကို တစ်စိတ်တစ်ပိုင်းထိခိုက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများအရသိရသည်။

လူပေါင်း ၁ဝဝ ကျော်ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဇွန်လ ၂၇ ရက် တညလုံး အဆောက်အဦအပျက်အစီးများအကြားတွင် လူများပိတ်မိနေမှုများမရှိစေရန် ရှာဖွေကယ်ဆယ်ခဲ့ကြသည်။

ပေါက်ကွဲမှု ဖြစ်စဉ်အတိအကျကို လက်ရှိအချိန်အထိ မသိရသေးသော်လည်း ဓါတ်ငွေ့ ဘွိုင်လာအိုးမှ ပေါက်ကွဲမှု ဖြစ်ပွားနိုင်ခြေအများဆုံးဖြစ်နိုင်ကြောင်းယူဆထားသည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.