Connect with us

Politics, Law & Military

တရုတ်-ဂျပန် နှစ်နိုင်ငံ ခေါင်းဆောင် တို့က တွေ့ဆုံ ဆွေးနွေးမှု အတွင်း သဘောတူညီချက် ၁၀ ချက် ရရှိ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေ တို့ က ဇွန်လ ၂၇ ရက် ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ်(ဆင်ဟွာ)

အိုဆာကာ ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေ တို့ က ဇွန်လ ၂၇ ရက် ၌ ဂျပန် နိုင်ငံ အိုဆာကာ မြို့ တွင် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ရာ တွေ့ဆုံ ဆွေးနွေးမှု အတွင်း နှစ်နိုင်ငံ ခေါင်းဆောင် တို့ က သဘောတူညီချက် ၁၀ ချက် ရရှိခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ ဌာန ဌာနမှူး ဝူကျန်းဟောက် (Wu Jianghao) ၏ ပြောကြားချက် အရ သိရှိရသည်။

တရုတ်-ဂျပန် နှစ်နိုင်ငံ ခေါင်းဆောင် တို့ တွေ့ဆုံဆွေးနွေးမှု အတွင်း ရရှိခဲ့သည့် သဘောတူညီချက်များမှာ

(၁) နှစ်နိုင်ငံ ခေါင်းဆောင် တို့ က လက်ရှိ တရုတ်-ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေး က ကောင်းမွန်သည့် ဦးတည်ချက် သို့ ဖွံ့ဖြိုးတိုးတက်နေသည် ကို အသိအမှတ် ပြုခဲ့ကြကြောင်း

(၂) နှစ်နိုင်ငံ ခေါင်းဆောင် တို့ က တရုတ်-ဂျပန် နိုင်ငံရေး ကြေညာချက် စာတမ်း လေးခု တွင် ပါဝင်သည့် အချက်အလက်များ ကို လိုက်နာသွားကြမည် ကို ထပ်မံ ကြေညာ ခဲ့ကြောင်း

(၃) နှစ်နိုင်ငံ ခေါင်းဆောင် တို့ က အနီးကပ် ဆက်သွယ်ပြောဆိုမှု ကို ထိန်းသိမ်းသွားရန် သဘောတူညီခဲ့ကြပြီး နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု ကို အဆက်မပြတ် တိုးမြှင့် သွားရန် သဘောတူညီခဲ့ကြောင်း

(၄) နှစ်နိုင်ငံ ခေါင်းဆောင် တို့ က နှစ်နိုင်ငံ အကျိုးစီးပွား ပေါင်းစပ်မှု ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ပြီး ကဏ္ဍစုံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားရန် သဘောတူခဲ့ကြောင်း

(၅) နှစ်နိုင်ငံ ခေါင်းဆောင် တို့ က တရုတ်-အာရှ နှစ်နိုင်ငံ သည် အာရှ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရန် အတွက် အရေးပါသော ပေးဆပ်ဆောင်ရွက်သည့် နိုင်ငံများ ဖြစ်ကြပြီး မတူကွဲပြားသည့် ယဉ်ကျေးမှုများ အကြား တန်းတူညီမျှသည့် ဖလှယ်မှုများ ဆောင်ရွက်ရန် အဆိုပြုခဲ့ကြောင်း

(၆) နှစ်နိုင်ငံ ခေါင်းဆောင် တို့ က တရုတ်-ဂျပန် အရပ်ဘက် ချစ်ကြည်ဖလှယ်ရေး ကို တက်ကြွစွာ ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် နားလည်မှု ကို တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြောင်း

(၇) နှစ်နိုင်ငံ ခေါင်းဆောင် တို့ က တရုတ်-ဂျပန် နှစ်နိုင်ငံ အနေဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ကို ခိုင်မြဲစွာ လျှောက်လှမ်းသွားပြီး ငြိမ်းချမ်းစွာ အတူတကွ ဖွံ့ဖြိုးတိုးတက်သည့် မိတ်ဖက် နိုင်ငံ အဖြစ် ဖော်ဆောင် သွားကြရန် ကြေညာ ခဲ့ကြောင်း

(၈) နှစ်နိုင်ငံ ခေါင်းဆောင် တို့ က ထိလွယ်ရှလွယ် သည့် ကိစ္စရပ်များ ကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းသွားပြီး အပြုသဘောဆောင်သည့် လုပ်ရပ်များ ဖြင့် အငြင်းပွားမှု ကို ဖြေရှင်းသွားရန် သဘောတူညီခဲ့ကြောင်း

(၉) နှစ်နိုင်ငံ ခေါင်းဆောင် တို့ က တရုတ်-အာရှ နှစ်နိုင်ငံ သည် အာရှတိုက် ၏ အရေးပါသည့် နိုင်ငံများ ဖြစ်ကြပြီး ကမ္ဘာ့ အဓိက စီးပွားရေး အသိုက်အဝန်းများ ဖြစ်ကြသောကြောင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး စနစ် ကို ထိန်းသိမ်းသွားကြရန် သဘောတူညီကြောင်း

(၁၀) နှစ်နိုင်ငံ ခေါင်းဆောင် တို့ က တရုတ်-ဂျပန် နှစ်နိုင်ငံ အနေဖြင့် နိုင်ငံတကာ တာဝန် များကို အကောင်အထည်ဖော် ဆောင်ရွက်သွားပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ကို အတူတကွ ရင်ဆိုင်သွားရန် သဘောတူညီခဲ့ကြောင်း စသည့် အချက်များ ပါဝင်ခဲ့သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.