Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ က ဂျပန် နိုင်ငံ တွင် ကျင်းပ သည့် တရုတ်-ရုရှား-အိန္ဒိယ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်

တရုတ်-ရုရှား-အိန္ဒိယ ခေါင်းဆောင်များ က ဇွန်လ ၂၈ ရက် တွင် ဂျပန် နိုင်ငံ အိုဆာကာ မြို့ ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

အိုဆာကာ ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဇွန်လ ၂၈ ရက် တွင် ဂျပန် နိုင်ငံ အိုဆာကာ မြို့ ၌ ကျင်းပ ပြုလုပ်သည့် တရုတ်-ရုရှား-အိန္ဒိယ ခေါင်းဆောင်များ အစည်းအဝေး ကို ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ တို့နှင့် အတူတကွ တက်ရောက် ခဲ့ကြသည်။

အစည်းအဝေး တွင် လက်ရှိ နိုင်ငံတကာ အခြေအနေ ၊ အရေးပါသည့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ်များ နှင့် ပတ်သက်၍ သဘောထား အမြင်များအား နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြပြီး သုံးနိုင်ငံ ခေါင်းဆောင် တို့ က တရုတ်-ရုရှား-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု စည်းစနစ် ကို ဆက်လက်၍ ကောင်းမွန်စွာ ထိန်းသိမ်းရန် ၊ အသုံးပြုသွားရန် နှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပြီး ဒေသတွင်း မှ ကမ္ဘာ့ငြိမ်းချမ်းရေ ၊ တည်ငြိမ်ရေး နှင့် စည်ပင်သာယာရေး အတွက် ပိုမို တွန်းအားပေး ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြသည်။

အစည်းအဝေး တွင် တရုတ် နိုင်ငံ သမ္မတ က လက်ရှိချိန်တွင် တစ်ဖက်သတ်ကိုယ်ကျိုးရှာမှုစနစ် (Unilateralism) နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးစနစ် (Protectionism) တို့ က ဦးမော့ လာခဲ့ပြီး နိုင်ငံတကာ အခင်းအကျင်း တည်ငြိမ်မှုအား ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု ကိုလည်း ထိခိုက်စေခဲ့ကြောင်း ၊ တရုတ်-ရုရှား-အိန္ဒိယ နိုင်ငံ တို့ အနေဖြင့် နိုင်ငံတကာ တွင် သင့်လျော်သည့် တာဝန်ယူမှုများ ကို ဆောင်ရွက်သွားပြီး သုံးနိုင်ငံ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း ၏ အခြေခံ နှင့် ရေရှည် အကျိုးစီးပွား တို့ကို ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန် က သုံးနိုင်ငံ အနေဖြင့် နိုင်ငံတကာ ဥပဒေ ကို အခြေခံသည့် နိုင်ငံတကာ စည်းစနစ် ကို ထိန်းသိမ်းသွားပြီး ကမ္ဘာ့ တန်းတူညီမျှမှု နှင့် တရားမျှတမှု တို့ကို ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ၊ စီးပွားရေး ဈေးကွက်သစ် နိုင်ငံ နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံ တို့ အတွက် ပိုမို ကောင်းမွန်သည့် တံခါးဖွင့် ကမ္ဘာ့စီးပွားရေး ပုံစံ ကို တည်ဆောက်သွားရမည် ဖြစ်ပြီး 5G ကွန်ယက် ၊ အဆင့်မြင့် နည်းပညာ ၊ အပြန်အလှန် ချိတ်ဆက်မှု နှင့် စွမ်းအင် စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ ကာ ကုန်သွယ်ရေး နှင့် လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှု တို့ကို တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ညှိနှိုင်းဆောင်ရွက်မှု မှ သဘောတူညီမှု ရရှိသည့် ပုံစံ အား ခိုင်မြဲစွာ တွန်းအားပေး ဆောင်ရွက်ပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း ပြဿနာ ကို ကြိုးပမ်းဖြေရှင်းသွားရမည် ဖြစ်ကြောင်း ၊ သုံးနိုင်ငံ အနေဖြင့် အကြမ်းဖက် မူဝါဒ ကို အတူတကွ နှိမ်းနင်း သွားရမည် ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှု နှင့် အင်တာနက် လုံခြုံရေး စသည့် ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများ ကို ပူးပေါင်း ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ ပူတင် က လက်ရှိချိန်တွင် သုံးနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ ကို အဓိက ထားသည့် နိုင်ငံတကာ အဖွဲ့အစည်း ကို ခိုင်မြဲစွာ အဓိက ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ၊ နိုင်ငံတကာ ဥပဒေ ကို အခြေခံသည့် နိုင်ငံတကာ စည်းစနစ် ကို ထိန်းသိမ်းသွားပြီး အချုပ်အခြာ အာဏာ အား လေးစားခြင်း နှင့် အခြား နိုင်ငံ ပြည်တွင်းရေး အား ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ခြင်း စသည့် နိုင်ငံတကာ ဆက်ဆံရေး ၏ အခြေခံ ကျင့်ဝတ် များကို ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ၊ တစ်ဖက်သတ်ကိုယ်ကျိုးရှာမှုစနစ် (Unilateralism) နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးစနစ် (Protectionism) နှင့် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှု တို့ကို ဆန့်ကျင်ကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ၊နိုင်ငံတကာ ဥပဒေ နှင့် နိုင်ငံတကာ စည်းစနစ် တို့အား ထိန်းသိမ်းခြင်း သည် တရုတ်-ရုရှား-အိန္ဒိယ နိုင်ငံ တို့၏ ဘုံအကျိုးစီးပွား နှင့် ကိုက်ညီကြောင်း ၊ သုံးနိုင်ငံ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ၊ စီမံခန့်ခွဲမှု ၊ ဒေသတွင်း လုံခြုံရေး နှင့် အကြမ်းဖက် နိမ်နင်းရေး စသည့် ကဏ္ဍများတွင် ညှိနှိုင်းဆောင်ရွက်မှု ကို တိုးမြှင့်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)