ဂျကာတာ ၊ မတ် ၂၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ အရှေ့ပိုင်း Maluku ပြည်နယ် အနီးရှိ ပင်လယ်ပြင်တွင် မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်း အချိန်၌ ပြင်းအား ၆.၉ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင်...
ဆာနာ ၊ မတ် ၂၆ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ၌ လက်နက်ကိုင်ပုန်ကန်မှုများပြုလုပ်နေသည့် ဟူတီသူပုန်များက မတ်လ ၂၅ ရက် ညဉ့်နက်ပိုင်းတွင် ဆော်ဒီအာရေးဗီးယားနိုင်ငံအတွင်းရှိ လေဆိပ် ၄ ခုကို တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟူတီသူပုန်များထိန်းချုပ်ထားသည့် Saba သတင်းအေဂျင်စီက ထုတ်ပြန်ချက်တစ်စောင် ဖော်ပြခဲ့သည်။
တိုဂျို ၊ မတ်လ ၂၆ ရက် (ဆင်ဟွာ) ဂျပန် နိုင်ငံ မိုးလေဝသ ဌာန ၏ ထုတ်ပြန်ချက်အရ မတ်လ ၂၅ ရက်နေ့ ဒေသစံတော်ချိန် ၂၃ နာရီ ၃၇ မိနစ် အချိန်တွင် ဂျပန် နိုင်ငံ Hachijō-jima ကျွန်း အရှေ့ပိုင်း...
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် မတ်လ ၂၄ရက်နေ့ ညနေ ၄နာရီကျော်၌ ကျပ်သိန်းပေါင်း ၁၉,၄၈၈ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးတွင် လာမည့်ဧပြီလတွင် နေလမ်းကြောင်းတည့်မတ်ချိန်ဖြစ်သည့်အတွက် ပုံမှန်အပူချိန်ထက် ပိုပူနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မာပူတို၊ မတ် ၂၅ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ မြောက်ဘက်စွန်း Cabo Delgado ပြည်နယ် Mocimboa da Praia ဆိပ်ကမ်းမြို့တွင် ဆူပူအုံကြွသူများနှင့် ဆက်သွယ်မှုရှိကြောင်း စွပ်စွဲခံရသူ ၂၉ ဦးအား မတ်လ ၂၄ ရက်က နမ်ပူလာပြည်နယ် ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်းဖွားလိပ်မျိုးစိတ်သည် လက်ရှိတွင် ၁၁မျိုးအထိ ရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘဂ္ဂဒက် ၊ မတ်လ ၂၅ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ Kirkuk ပြည်နယ် နှင့် Diyala ပြည်နယ်တွင် မတ်လ ၂၄ ရက်က IS အစွန်းရောက်များ၏ တိုက်ခိုက်မှုကြောင့် လူ ၉ ဦးသေဆုံးခဲ့သည်ဟု အီရတ်အရာရှိတစ်ဦးက ဆိုသည်။
ကီဒို ၊ မတ်လ ၂၅ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံ အနောက်ဘက်ရှိ ပင်လယ်ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်သည့် Manabi ပြည်နယ်တွင် မတ်လ ၂၄ ရက်က ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၂ ဦး ရှိပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မတ် ၂၄ရက် နေ့လည် ၁၂နာရီခွဲတွင် ဒေသန္တရလက်လုပ်မိုင်းဟောင်း (သက်မဲ့)တစ်လုံးတွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။