Connect with us

Economy

ဟွာဝေး ကုမ္ပဏီအား တားမြစ် ပိတ်ပင်မှု မြန်မာနိုင်ငံ အတွက် သက်ရောက်မှု ရှိမည် မဟုတ်


ရန်ကုန် ၊ မေ ၂၄ ရက်(ဆင်ဟွာ)

ဟွာဝေး ကုမ္ပဏီအား တားမြစ် ပိတ်ပင်မှုများ ပြုလုပ်မှုများ ရှိနေသော်လည်း ဟွာဝေး ထုတ်ကုန်များအား သုံးစွဲ လျက် ရှိသည့် မြန်မာနိုင်ငံ ဈေးကွက် အတွက် ဆိုးရွားသည့် သက်ရောက်မှုများ ရှိမည် မဟုတ် ကြောင်း Huawei Myanmar ၏ ပြည်သူ့ရေးရာ နှင့် ဆက်သွယ်ရေး ဌာန ညွှန်ကြားရေးမှူး Mr.Zhu Bo က ယနေ့တွင် သတင်းမီဒီယာများနှင့် ရန်ကုန်မြို ့၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာ ပြည်သူများ အနေဖြင့် အခြား နိုင်ငံများ ကဲ့သို့ ခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင်ရမည် မဟုတ် ကြောင်း ၊ မြန်မာနိုင်ငံအတွင်းရှိ Huawei ထုတ်ကုန်များ အားလုံး အတွက် ထိခိုက်မည် မဟုတ်ကြောင်း ၊ မြန်မာပြည်သူများ အနေဖြင့် ဈေးကွက် အတွင်းရှိ Huawei ထုတ်ကုန်များ အားလုံးကို လွတ်လပ်စွာ ဆက်လက် ဝယ်ယူ အသုံးပြုနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Huawei Myanmar ၏ ပြည်သူ့ရေးရာ နှင့် ဆက်သွယ်ရေး ဌာန ညွှန်ကြားရေးမှူး Mr.Zhu Bo က မီဒီယာများအား ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ယခု အခြေအနေတွင် Huawei ကုမ္ပဏီက Google ကုမ္ပဏီ နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရန် ညှိနှိုင်းမှု များ လုပ်ဆောင်နေကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

“google နဲ့ဟွာဝေး က ပေါင်းပြီး လုပ်လာတာလဲ ကြာပြီ ။ google နဲ့ဟွာဝေး နှစ်ခုကြားထဲမှ ဆွေးနွေး ညှိနှိုင်းမှုတွေ ရှိနေတယ်။ ဟိုဘက်ကလဲ သူတို့အစိုးရနဲ့ဘယ်လို လုပ်ရမလဲ ။ ဒီ approval ရဖို့။ အဲလို ကိစ္စတွေ ပြောနေတဲ့အခါကြတော့ ဆုံးဖြတ်ချက် တစ်ခုခု ရလာတဲ့ အထိ ဟွာဝေးက စောင့်မယ်။ ရေရှည် လက်တွဲလာတဲ့ အမေရိကန် ကုမ္ပဏီနဲ့ဆက်ပြီးတော့ပဲ လုပ်ဖို့က ဟွာဝေး အတွက် ပထမ ဦးစားပေး ပါပဲ။ Android ကလဲ အဲဒီ နည်းတူပါပဲ။ Android နဲ့လဲ ရေရှည် ပူးပေါင်းပြီး လုပ်လာတယ်။ Android စနစ် ဖွံ့ဖြိုးဖို့ဟွာဝေးဘက်ကနေ အများကြီး contribution လုပ်ချင်ပါတယ်။”ဟု Mr.Zhu Bo က ပြောကြားခဲ့သည်။

Huawei ကုမ္ပဏီ အနေဖြင့် စိန်ခေါ်မှုများ ရှိလာနိုင်သည်ကို သိရှိသဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် ထားကြောင်းလည်း ထည့်သွင်း ရှင်းလင်းခဲ့သည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ထဲက US တင်မကဘူး အခြား စိန်ခေါ်မှုတွေ ရှိလာနိုင်တယ် ဆိုတာ သိတယ်။ အဲဒါကြောင့် ဟွာဝေး အနေနဲ့ကြိုပြီး ပြင်ဆင်မှုတွေ ရှိထားပါတယ်။ ပြင်ဆင်မှု လုံလုံလောက်လောက် လုပ်ထားတဲ့ အတွက် အကျိုးသက်ရောက်မှုက နည်းမယ် ။ မရှိသလောက် ဖြစ်မယ်။”ဟု Mr.Zhu Bo က ပြောကြားခဲ့သည်။

Huawei ထုတ်ကုန် သုံးစွဲသူများ အနေဖြင့် အမေရိကန်၏ တားမြစ်ပိတ်ပင်မှု ၊ Google ၏ ကြေညာမှု များကြောင့် စိုးရိမ်မှုများ အပေါ် စိုးရိမ်ပူပန်စရာ မလိုဘဲ ဈေးကွက်အတွင်းမှ ထုတ်ကုန်များကို ဆက်လက် ဝယ်ယူနိုင်ကြောင်း ၊ ထို့အတူ Huawei ကုမ္ပဏီ အနေဖြင့် အရန်အစီအစဉ်(Plan B) ရှိပြီးသား ဖြစ်ကြောင်း ကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

Huawei ကုမ္ပဏီသည် မိုဘိုင်းလ်ဖုန်း တစ်မျိုးတည်းသာ ထုတ်လုပ်ခြင်း မဟုတ်ဘဲ 5G နည်းပညာကဲ့သို့ အခြားနယ်ပယ်များတွင် များစွာသော ICT နည်းပညာများအား ထောက်ပံ့မှုများ လုပ်ဆောင်လျက် ရှိကြောင်း ၊ ထိုကြောင့် အမေရိကန်၏ တားမြစ်ပိတ်ပင်မှုများသည် သက်ရောက်မှုများ မရှိဘဲ ကိုယ်ပိုင် ထုတ်ကုန်များ နှင့် ဖြေရှင်းမှုများ ရှိကြောင်း Mr.Zhu Bo က ပြောကြားခဲ့သည်။

အမေရိကန်အစိုးရစီးပွားရေးဝန်ကြီးဌာန၏ စက်မှုလုပ်ငန်းနှင့်လုံခြုံမှုဗျူရို(BIS) ကဟွာဝေးနှင့်ဆက်စပ် အဖွဲ့အစည်း များသို့ အမေရိကန်နည်းပညာများအားရောင်းချခြင်း(သို့မဟုတ်)လွှဲပြောင်းပေးခြင်းများကို တားမြစ် ပိတ်ပင်ကြောင်း မေလ ၁၅ ရက်က ကြေညာခဲ့သည်။

အမေရိကန်အစိုးရ ပိတ်ဆို့တင်းကျပ်မှုများကြောင့်ဟွာဝေးကုမ္ပဏီ၏အဆင့်မြင့်နည်းပညာထုတ် ကုန်များ၊ အထူးသဖြင့် 5G နည်းပညာထုတ်လုပ်မှုများအပေါ် တိုက်ရိုက်အကျိုးသက်ရောက် ထိခိုက်မှုရှိ မည် မဟုတ်ကြောင်း ဟွာဝေးနည်းပညာကုမ္ပဏီလီမိတက်ကိုစတင်တည်ထောင်သူနှင့်ကုမ္ပဏီဥက္ကဋ္ဌလည်းဖြစ်သော ရိမ်ကျိန့် ဖေး က မေလ ၂၁ ရက်ကပြောကြားခဲ့သည်။(Xinhua)