ကွာလာလမ်ပူ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၏ တောင်ပိုင်း Johorပြည်နယ်တွင် စာသင်ကျောင်း ၄၇၅ ကျောင်းကို ဓာတု ညစ်ညမ်းမှုကြောင့် သုံးရက် ပိတ်ပင်လိုက်ကြောင်း ဒေသအာဏာပိုင်များက ဇွန် ၂၅ ရက်က ကြေညာခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိသော သောက်ရေသန့်လုပ်ငန်း (၃)ခု အား ရှောင်တခင်စစ်ဆေး ကာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP) နှင့် ကိုက်ညီမှု မရှိပါသောကြောင့် စက်ရုံ(၃)ရုံအား ပိတ်သိမ်းအရေးယူခဲ့ကြောင်း အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်သည့်သတင်းအရ သိရသည်။
ဆန်တီရာဂို ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ချီလီနိုင်ငံ မြောက်ပိုင်းတွင် သတ္တုတွင်း တူးဖော်သူ မိုင်းလုပ်သားများ တင်ဆောင်လာသည့် ဘတ်စ်ကား ပက်လက်လှန် တိမ်းမှောက်မှုကြောင့် အနည်းဆုံး မိုင်းလုပ်သား ၆ ဦး သေဆုံးကာ အခြား ၃၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိ သူများက...
နယူးဒေလီ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ဘက်၊ Odisha ပြည်နယ်တွင် ဇွန် ၂၅ ရက် ညနေဘက်က ခရီးသည်တင်ရထားရထား တစ်စီးသည် ရထားလမ်းပြုပြင်ထိန်းသိမ်းရေးယာဉ် နှင့် ခေါင်းချင်းဆိုင်တိုက်မိပြီး လမ်းချော်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းတာဝန်ရှိသူများက ပြောသည်။ (Xinhua)
နယူးဒေလီ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို၏ အိန္ဒိယအလည်အပတ်ခရီးစဉ်ကို ရာနှင့်ချီသော အိန္ဒိယပြည်သူများက နယူးဒေလီ မြို့လယ်ခေါင်တွင် ဇွန် ၂၅ ရက်က လှည့်လည်ဆန္ဒပြခဲ့ကြရာ အမေရိကန်၏ အရှေ့အလယ်ပိုင်း မူဝါဒ၊ ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒနှင့် တစ်ဖက်သတ်မူဝါဒကို ပြစ်တင်ရှုံ့ချခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ပနားမားနိုင်ငံအနောက်ပိုင်း La Espernaza ဒေသ၌ ယနေ့ဇွန် ၂၆ ရက်တွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနကဆိုသည်။
နေပြည်တော်၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) မူးယစ်သတင်း၊ ရောင်းဝယ်ဖောက်ကားမှု သတင်းများကိုသာမက မူးယစ်ဆေးဝါး ထုတ်လုပ်သူများ၊ မူးယစ်ရာဇာကြီးများ၏ သတင်းများကိုပါ တိတိကျကျ တိုင်ကြားပေးကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နေပြည်တော် MICC II တွင် ယနေ့ ပြုလုပ်သော (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်...
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂) လရာသီ ပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် ဝါဆိုလအတွက် ရဟန်းခံရှင်ပြုပွဲနှင့် ပုန်းညှက်ပန်း ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် နောင်းရှီရာခရိုင်တွင် ရဲကားတစ်စီးအား အမည်မသိစစ်သွေးကြွများက သေနတ်ပစ်ခတ်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အခြားလူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက ဇွန်လ ၂၅ ရက်ညနေပိုင်းတွင် သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အောက်လွှတ်တော်က အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက်တွင် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်လာမှုကို ဆက်လက်ကိုင်တွယ်ထိန်းချုပ်ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံကို ဇွန် ၂၅ ရက်က အတည်ပြုပေးခဲ့ကြောင်း သိရသည်။