ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နှင့် ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရာဘတ်၊ မေ ၂၁ ရက် (ဆင်ဟွာ) မြေထဲပင်လယ်ဒေသအတွင်းရှိ ဆာဟာရဒေသနိုင်ငံများမှ တရားမဝင်ပြောင်းရွှေ့နေထိုင်သူ ၁၆၉ ဦး ကို မော်ရိုကိုနိုင်ငံ၏ ကမ်းခြေစောင့်တပ်များက ကယ်တင်ခဲ့ကြောင်း မော်ရိုကို စစ်တပ်က မေ ၂၀ ရက်တွင် ပြောကြားသည်။
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် နေ့အပူချိန်များ မြင့်တက်လျက်ရှိပြီး နောက်(၃)ရက်အထိ နေ့အပူချိန်များ မြင့်တက်နေမည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ၂၁ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည်မေလ(၂၁-၂၃)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ သို့လည်းကောင်း၊မေလ(၂၄-၂၈)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊မေလ (၂၉)ရက်နေ့မှဇွန်လ(၃)ရက်နေ့အတွင်းမြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်းဝင်ရောက်နိုင် ကြောင်း ၂၀၁၉ ခုနှစ် မေလ တတိယ ၁၀ရက် ပတ်အတွက် ခန့်မှန်းချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၂၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ၏ အကူအညီဖြင့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံခြင်း စတင်သည့် အထိမ်းအမှတ် အခမ်းအနား အား မေလ ၂၁ ရက် နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ အမျိုးသားဇာတ်ရုံ ၌...
နေပြည်တော်၊ မေ ၂၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သည့် ဧရာဝတီမြစ်ကြီး ရေရှည် တည်တံ့စေရန်အတွက် ကမ္ဘာ့ဘဏ် အထောက်အပံ့ဖြင့် ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးကျော်မျိုးက အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကိုင်ရို၊ မေ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကဏ္ဍအမျိုးမျိုး မှ တက္ကသိုလ်များ နှင့် ပူးပေါင်းဆောင်ရွက်မှုကို အီဂျစ်နိုင်ငံ ကိုင်ရိုတက္ကသိုလ် က မေလ ၂၀ ရက်တွင် ကြိုဆိုခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးတွင် ယနေ့ နံနက်ပိုင်း၌ မိုင်းရှာဖွေရှင်းလင်းရေး သင်တန်း၌ မိုင်းအတုနှင့် အစစ်မှားယွင်းအသုံးပြုမိကာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရှင်ဇန်း၊မေ ၂၁ ရက်(ဆင်ဟွာ) ဟွာဝေးနည်းပညာကုမ္ပဏီလီမိတက်ကိုစတင်တည်ထောင်သူနှင့်ကုမ္ပဏီဥက္ကဋ္ဌလည်းဖြစ်သော ရိမ်ကျိန့် ဖေး ကအမေရိကန်အစိုးရ ပိတ်ဆို့တင်းကျပ်မှုများကြောင့်ဟွာဝေးကုမ္ပဏီ၏အဆင့်မြင့်နည်းပညာထုတ် ကုန်များ၊အထူးသဖြင့် 5G နည်းပညာထုတ်လုပ်မှုများအပေါ် တိုက်ရိုက်အကျိုးသက်ရောက် ထိခိုက်မှုရှိ မည်မဟုတ်ပါကြောင်း မေလ ၂၁ ရက်ကပြောကြားခဲ့သည်။
ထရီပိုလီ ၊ မေ ၂၁ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ ထရီပိုလီမြို့နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားမှု များကြောင့် သေဆုံးသူ ဦးရေမှာ စုစုပေါင်း ၅၁၀ ဦး ရှိခဲ့ပြီး ၂,၄၆၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က မေ ၂၀ ရက်တွင်...