Connect with us

Culture

တရုတ် နိုင်ငံ အစိုးရ ၏ အကူအညီ ဖြင့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) အား ပြုပြင်မွမ်းမံ သည့် စီမံကိန်း စတင်

တရုတ် နိုင်ငံ ၏ အကူအညီဖြင့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံခြင်း စတင်သည့် အထိမ်းအမှတ် အခမ်းအနား အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ၏ အကူအညီဖြင့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံခြင်း စတင်သည့် အထိမ်းအမှတ် အခမ်းအနား အား မေလ ၂၁ ရက် နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ အမျိုးသားဇာတ်ရုံ ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

စီမံကိန်း စတင်ခြင်း အထိမ်းအမှတ် အခမ်းအနား တွင် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က အမျိုးသား ဇာတ်ရုံ (ရန်ကုန်) အား ၁၉၈၅ ခုနှစ် မတ်လ တွင် မြန်မာ နိုင်ငံ သို့ ချစ်ကြည်ရေး ခရီး လာရောက် ခဲ့သည့် တရုတ် နိုင်ငံ သမ္မတ လီရှန်နင့် (Li Xiannian) က မေတ္တာလက်ဆောင် အဖြစ် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ အမျိုးသားဇာတ်ရုံ ပေါ်ထွန်းလာသည့် အတွက် မြန်မာ နိုင်ငံ အနုပညာ တင်ဆက်မှုများကို အဆင့်အတန်း မီမီ တင်ဆက်ပြသ နိုင်ခဲ့ပြီး နိုင်ငံတကာ မှ လာရောက်သည့် ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး တင်ဆက်မှုများကိုလည်း အဆင့်အတန်း မီမီ လက်ခံကျင်းပ နိုင်ခဲ့ကြောင်း ၊ ၂၀၁၆ ခုနှစ် တွင် တရုတ် နိုင်ငံ မှ ခေတ်မီ LED Display Board များ လာရောက် တပ်ဆင်ပေးသည့် အတွက် စွမ်းဆောင်ရည် ပိုမို မြှင့်တင် နိုင်ခဲ့ကြောင်း ၊ အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြုပြင်မွမ်းမံရေး စာချွန်လွှာ ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ၊ ယနေ့ ကျင်းပ ပြုလုပ်သည့် အခမ်းအနား က နှစ်နိုင်ငံ ပြည်သူလူထု အကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု နှင့် နားလည်ဖေးကူမှု များကို နက်ရှိုင်းစွာ ဖော်ပြသည့် အခမ်းအနား တစ်ရပ်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ၏ အကူအညီဖြင့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံခြင်း စတင်သည့် အထိမ်းအမှတ် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကား ပြောကြားရာတွင် ယနေ့ က မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု အတွက် အထိမ်းအမှတ် တည်ဆောက်ခဲ့သည့် အမျိုးသားဇာတ်ရုံ အား ပြန်လည် ပြုပြင်မွမ်းမံမည့် နေ့တစ်နေ့ဖြစ်ကြောင်း ၊ ယခု ကဲ့သို့ ပြန်လည် ပြုပြင်မွမ်းမံခြင်း က နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အတွက် များစွာ အထောက်အကူ ဖြစ်စေမည် ကို ယုံကြည်ကြောင်း ၊ အမျိုးသားဇာတ်ရုံ ပြုပြင်မွမ်းမံ နိုင်ရန် အတွက် ကြိုးပမ်းအားထုတ် ခဲ့ကြသည့် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အား မိမိ အနေဖြင့် အထူး ကျေးဇူးတင်ပါကြောင်း ၊ ယခု စီမံကိန်း က မြန်မာ-တရုတ် ချစ်ကြည်ရေး အတွက် သမိုင်း မှတ်တိုင်သစ် အဖြစ် တင်ကျန်နေခဲ့ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အမှာစကား ပြောကြားရာတွင် အမျိုးသားဇာတ်ရုံ(ရန်ကုန်) က မြန်မာ နိုင်ငံ ရှိ အကြီးဆုံး ဇာတ်ရုံ ဖြစ်ပြီး တရုတ် နိုင်ငံ အစိုးရ မှ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ နှစ်ပေါင်းများစွာ အတွင်း အမျိုးသား ဇာတ်ရုံ က ယဉ်ကျေးမှု အနုပညာ ဖျော်ဖြေပွဲများစွာ ကျင်းပ နိုင်ခဲ့ပြီး မြန်မာ နိုင်ငံ ပြည်သူလူထု တို့၏ ယဉ်ကျေးမှု အတွေးအမြင် များကို ပြည့်ဝ စေခဲ့ကြောင်း ၊ လတ်တလော နှစ်ပိုင်း အတွင်း အမျိုးသားဇာတ်ရုံ က တရုတ်-မြန်မာ အနုပညာ ကူးလူးဖလှယ်ရေး အတွက် အရေးပါသည့် စင်မြင့် ဖြစ်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ ၏ လက်တွေ့လိုအပ်ချက် အရ ခေတ်မီ သည့် အမျိုးသားဇာတ်ရုံ အသစ် အဖြစ်သို့ ရောက်ရှိ အောင် ပြုပြင်မွမ်းမံ ပေးသွားမည် ဖြစ်ကြောင်း ၊ ပြုပြင်မွမ်းမံ ပြီးသည့် အမျိုးသား ဇာတ်ရုံ က တရုတ်-မြန်မာ ယဉ်ကျေးမှုအနုပညာ ကူးလူးဖလှယ်ရေး တိုးမြှင့်ရန် အတွက် အရေးပါသည့် အခန်းကဏ္ဍ က ပါဝင်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား အပြန်အလှန် နားလည်မှု နှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အတွက် အကျိုးထမ်းဆောင်ပေးနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

အမျိုးသားဇာတ်ရုံ(ရန်ကုန်) အား တရုတ် နိုင်ငံ အစိုးရ ၏ ကူညီထောက်ပံ့မှု ဖြင့် အသံစနစ်များ အဆင့်မြှင့်တင်ခြင်း ၊ ဇာတ်စင်သုံး မီးစနစ်များ အဆင့်မြှင့်တင်ခြင်း ၊ Air Con စနစ် အဆင့်မြှင့်တင်ခြင်း ၊ ပွဲကြည့်ထိုင်ခုံများ အဆင့်မြှင့်တင်ခြင်း ၊ အဆောက်အဦပိုင်း ဆိုင်ရာ အဆင့်မြှင့်တင်ခြင်း ၊ အလိုအလျောက်မီးငြိမ်းသတ်စနစ် အဆင့်မြှင့်တင်ခြင်း နှင့် အခြား အထွေထွေ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြုပြင်မွမ်းမံသည့် ကာလ မှာ ခန့်မှန်းအားဖြင့် ၂ နှစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.