ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ယနေ့ နံနက် ၁ နာရီ ၄၅ မိနစ် အချိန်ခန့်က နေအိမ် (၃) လုံး မီးလောင်မှု ဖြစ်ပွားပြီး လူ(၃) ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ဆစ်ဒနီ၊ မေ ၃၁ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်ကောင်ရှိ အထပ်မြင့်အဆောက်အအုံ၏ ငြမ်းစင် မေလ ၃၁ ရက်က နံနက်ပိုင်း ရုံးတက်ချိန်မတိုင်မီ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၀ ခန့် ရွှေ့ပြောင်းခဲ့ရကြောင်း၊ တစ်နာရီအတွင်း မီးထိန်းနိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
နေပြည်တော်၊ မေ ၃၁ ရက် (ဆင်ဟွာ) ယနေ့ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဠမပုံမှန်အစည်းအဝေး၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းအား အတည်ပြုခန့်အပ် လိုက်ကြောင်း သိရသည်။
ဘာလင်၊ မေ ၃၁ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံမြောက်ပိုင်း Flensburg မြို့ ရှိ ရထားဘူတာရုံတစ်ခုတွင် ဓါးထိုးမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး အခြားလူ ၂ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း သတင်းဌာန တစ်ခုက မေ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ မေ ၃၁ ရက်(ဆင်ဟွာ) အီရန်၏အဖွဲ့အစည်း ၃ ခုနှင့် လူပုဂ္ဂိုလ် ၆ ဦး အား ပိတ်ဆို့အရေးယူမည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မေလ ၃၀ ရက်တွင် ကြေညာခဲ့သည်။
တီဘလီစီ ၊ မေ ၃၁ ရက် (ဆင်ဟွာ) ဂျော်ဂျီယာ နိုင်ငံ ဝန်ကြီးချုပ် Giorgi Kvirikashvili က မေလ ၃၀ ရက်နေ့ တွင် ဂျော်ဂျီယာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ဖော်ဆောင်သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင်...
ဂျာကာတာ၊ မေ ၃၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တွင် အသေခံဗုံးဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် စစ်သွေးကြွများအား ဖြိုခွင်းမှု တစ်ခုပြုလုပ်ခဲ့ရာ အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့ သည် အရှေ့ဂျာဗားပြည်နယ်တွင် စစ်သွေးကြွ ၄ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က မေ ၃၀ ရက်တွင်ပြောကြားခဲ့သည်။
နိုင်ရိုဘီ ၊ မေ ၃၁ ရက် (ဆင်ဟွာ) ကင်ညာ နိုင်ငံ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး ဌာန ၏ လုံခြုံရေး ဝန်ထမ်း များက နိုင်ငံ အနောက်ပိုင်း Mount Elgon အမျိုးသား ဥယျာဉ် အတွင်း တရားမဝင် ဖမ်းဆီးသူ များနှင့် တိုက်ခိုက်မှု...
ရန်ကုန် ၊ မေ ၃၀ ရက်(ဆင်ဟွာ) မြန်မာ့ စပါးအုံး ခေါ် ဝမ်းမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ပြိုင်ဘက် ကစားသမား ဖြစ်သူ Ken Hasegawa ၏ အားသာချက် ၊ အားနည်းချက်များကို လေ့လာထားပြီး ဖြစ်ကြောင်း ယနေ့ မေ ၃၀ ရက်တွင် သတင်းမီဒီယာများအား...
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မွေတော်ကက္ကူဘုရားများသည် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှမ်းပြည်နယ်( တောင်ပိုင်း )၊ တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊ ကက္ကူရွာတွင်တည်ရှိသော ရှေးဟောင်းမွေတော်ကက္ကူဘုရားများ ပြန်လည်ပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။