Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၄ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရရှိ

ယာဉ်တိုက်မှုဖြစ်ပေါ်ခဲ့သော ရွှေကိန္နရီ ခရီးသည်တင်ယာဉ်အားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၉၇/၃-၄)ကြား၌ မတ် ၂၅ ရက် နံနက်အစောပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၄ ဦးသေဆုံးကာ လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

Nissan Vanette ယာဉ်အား ရွှေကိန္နရီ ခရီးသည်တင်ယာဉ်က ကျော်တက်စဉ် အရှိန်မထိန်းနိုင် ဘဲ ဝင်ရောက်တိုက်မိခဲ့ရာ Nissanယာဉ်ပေါ်ပါ ၁၃ ဦးအနက် ၄ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ရွှေကိန္နရီ ခရီးသည်တင်ယာဉ်ပေါ်ပါ ၄၂ ဦးအနက် ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများအား မြို့ချောင်းတိုက်နယ်ဆေးရုံနှင့် ဖြူးပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်ခဲ့ပြီး ရွှေကိန္နရီ ခရီးသည်တင် ယာဉ်မောင်း အောင်မြင့်အား မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.