နေပြည်တော်၊ မတ်လ ၆ ရက်(ဆင်ဟွာ) ရေကဏ္ဍ ဘက်စုံ စီမံခန့်ခွဲမှု အောင်မြင်ရေးအတွက် ဘက်စုံ အလွှာစုံက တက်ကြွစွာ ပါဝင် လှုပ်ရှား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေနေ့အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၆ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတွင် တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းကို နှိမ်နင်းလျက်ရာ လက်နက်ကိုင် ၄၄ ဦး အား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Shehryar Afridiက မတ်လ ၅ ရက်တွင် ပြောကြားခဲ့ သည်။
ပရက်ဂ်၊ မတ် ၆ ရက် (ဆင်ဟွာ) ချက်သမ္မတနိုင်ငံ အရှေ့တောင်ပိုင်း Brno မြို့ရှိ ဘူတာရုံတွင် မတ်လ ၅ ရက်နံနက်ပိုင်းက ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ မတ် ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့တောင်ဘက် Kilis ပြည်နယ် ရှိ ဆီးရီးယားနယ်စပ်အနီးရှိ နယ်စပ်ဂိတ်တစ်ခုအား ပိတ်ထားရာမှ ၈နှစ်အကြာဖြစ်သော မတ် ၅ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၆ ရက်(ဆင်ဟွာ) စီးပွားရေးကဏ္ဍအပေါ် ဖိအားများ တိုးမြင့်လာနေလင့်ကစား တရုတ်နိုင်ငံသည် လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်း၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုးပမ်းအားထုတ်ခြင်းကို မဆုတ်မနစ်သောဇွဲ နှင့် အာရုံစူးစိုက်မှုအပြည့်ဖြင့်ကမ္ဘာကြီးကို အာမခံပြောကြားအသိပေးလျက်ရှိသည်။
နယူးဒေလီ၊ မတ် ၆ ရက် (ဆင်ဟွာ) ပါကစ္စတန်ရေပိုင်နက်အတွင်းသို့ အိန္ဒိယရေငုပ်သင်္ဘောတစ်စီး ဝင်ရောက်ရန် ကြိုးစားခဲ့သည်ဟူသော သတင်းမှာ သတင်းမှားဖြစ်သည်ဟု အိန္ဒိယနိုင်ငံက ငြင်းဆိုခဲ့ကြောင်း ကာကွယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
မနီလာ၊ မတ် ၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း တွင် မတ် ၆ ရက် နံနက်ပိုင်းက အင်အား ၅.၅ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဌာန (Phivoics) ကပြောကြားခဲ့သည်။
အာမန်၊ မတ် ၅ ရက် (ဆင်ဟွာ) ဂျော်ဒန်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဘလုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် လာမည့်နှစ်နှစ်အတွင်း ဂျော်ဒန်နိုင်ငံကို ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ရက်က နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်သည့် Petra သတင်းအေဂျင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ တွင် လူကုန်ကူးမှုပေါင်း ၁၈ မှု ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
အာမန်၊ မတ် ၅ ရက် (ဆင်ဟွာ) ဆီးရီးယားလေပိုင်နက်ထဲတွင် ဂျော်ဒန်လေကြောင်းလိုင်း မှလေယာဉ်များအား ပြန်လည်ဖြတ်သန်းခွင့် ပြုရန် ဂျော်ဒန်နိုင်ငံမှ မတ်လ ၄ ရက်နေ့ တွင် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် Petra သတင်းအေဂျင်စီတွင် ဖော်ပြခဲ့သည်။