Connect with us

Africa & Middle East

ဂျော်ဒန်နိုင်ငံကို နှစ်နှစ်အတွင်း ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ ထောက်ပံ့မည်

ကမ္ဘာ့ဘဏ်လိုဂိုအမှတ်တံဆိပ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အာမန်၊ မတ် ၅ ရက် (ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဘလုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် လာမည့်နှစ်နှစ်အတွင်း ဂျော်ဒန်နိုင်ငံကို ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ရက်က နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်သည့် Petra သတင်းအေဂျင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ထောက်ပံ့မှုသည် ဂျော်ဒန်နိုင်ငံကို ပြီးခဲ့သည့် ငါးနှစ်က ကမ္ဘာ့ဘဏ်က ထောက်ပံ့ပေးခဲ့သည့် ငွေ ပမာဏနှင့် တူညီကြောင်း ကမ္ဘာ့ဘဏ်၏ အမှုဆောင်အရာရှိချုပ်၊ ကြားဖြတ်ဥက္ကဋ္ဌ Kristalina Georgievaက ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းချေးငွေနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ၏ အတည်ပြုချက်လိုအပ်ကြောင်း သိရသည်။

လာမည့် နှစ်နှစ်ကာလအတွင်း ကမ္ဘာ့ဘဏ်က ပုဂ္ဂလက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ တစ်ဆင့် ဂျော်ဒန်နိုင်ငံတွင် ဒေါ်လာ ၁ဘီလီယံ တန်ဖိုးရှိ ပိုက်လိုင်းများ တည်ဆောက်ရေး စီမံကိန်းဖန်တီးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.